ချွေးစို့နေတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာလေးကို ဝမ်ရိပေါ်က လက်မနဲ့ဖိသုတ်ပေးတယ်။
"ဘာမှ မကြောက်နဲ့ကိုယ်ရှိတယ်နော် ဒါ ခုမဟုတ်လည်း နောက်ကြုံလာရမှာပဲကို "
ရှောင်းကျန့်ခေါင်းလေးကိုတဆတ်ဆတ်ငြိမ့်ပြလိုက်တော့ ဝမ်ရိပေါ်က နဖူးလေးတချက်နမ်းသည်။ထို့နောက်ရှောင်းကျန့်ရဲ့လက်ကိုဆွဲပြီး အိမ်ထဲကိုဝင်တော့ ခန္ဓာကိုယ်သေးသေးက တွန့်ဆုတ်ဆုတ်နဲ့ရယ် ~
"သား ရောက်လာပြီလား "
ခပ်ပါးပါးအပြုံးတစ်ခုကို ဆင်မြန်းပြီးရောက်လာတဲ့ ဝမ်ရိပေါ်ရဲ့ မားကို တွေ့တော့ ရှောင်းကျန့်က ထွေးဆုပ်ထားတဲ့လက်တွေကို မသိမသာရုန်းသည်။ဝမ်ရိပေါ် ကအလိုမကျသည့်မျက်နှာနဲ့ပြန်ကြည့်လိုက်တော့မှ နှုတ်ခမ်းဆူကာ ငြိမ်ကြသွားသည်။
"သား သူငယ်ချင်းလား အဖော်တွေဘာတွေနဲ့ ဝမ်လေးရယ် ဟိုကလေးမရော အနောက်ကလိုက်လာမှာလား "
စကားအသွားအလာရ ကိုကို့ မားက ကိုကို့ရဲ့ ချစ်သူဆိုတာကို မိန်းကလေးဟုမှတ်ယူနေပုံပင်~ရှောင်းကျန့်စိတ်ထဲမှာမလုံမလဲနှင့်ပို ကြောက်လာသည်။တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် လက်ကလေးကို ကြည့်ပြီး ရှောင်းကျန့်က သက်ပြင်းအသာချသည်။ အင်းးးးး သူ့ အရှေ့မှာ ကိုကိုတစ်ယောက်လုံးရှိနေတာပဲ ……
"မားးး ……… "
တစ်ခုခုကို အခိုင်မာ ဆုံးဖြတ်ပြီးသည့်အသံနဲ့ ရိပေါ်က သူ့မားကို လှမ်းခေါ်သည်။
ပန်းဆီရောင်နှုတ်ခမ်းဆိုးဆေး ဖျော့ဖျော့နှင့်သူမ ကြည့်လာတော့ ဝမ်ရိပေါ် ရှောင်းကျန့်လက်ကို ပိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် ချစ်သူ က သူပဲ ! "
ဝမ်ရိပေါ်ရဲ့ စကားကြောင့် ချင်းဟွာ ရဲ့မျက်နှာက အပြုံးတွေကို ရေနဲ့ပက်ပြီးငြိမ်းလိုက်တဲ့မီးလို ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ထိုနောက်သူမက မယုံနိုင်ဖြင့် မျက်လုံးများဖြင့်ကြည့်ကာ
"သား ဝမ်လေး က ဘာကိုဆိုလိုချင်တာလည်း "
"သူ ရှောင်းကျန့် ဒီကောင်လေးက အမေ့ဆီကိုခေါ်လာမဲ့သားရဲ့ချစ်သူလို့ "
STAI LEGGENDO
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)