ငြိမ်သက်နေတဲ့အခန်းထဲမှာ လူနှစ်ယောက်က အတွေးကိုယ်စီနဲ့......
သူမရဲ့ ဘဝက အမြဲတမ်းပထမဆုံးဆိုတဲ့အရာတွေနဲ့ပဲပြည့်ခဲ့တယ်။အသာလွန်ဆုံးအကောင်းမွန်ဆုံး ဆိုတဲ့ အရာ တွေကိုပဲ ခံစားခဲ့ရဖူးတယ်။လူတိုင်းရဲ့အချစ်ခံ အလေးစားခံလူတန်းစားအနေနဲ့ ခေါင်းအမြဲတမ်းမော့ထားခဲ့တဲ့သူမက မျှဝေချင်းဆိုတဲ့အရာကိုနားမလည်ဘူး ......
လက်မခံချင်ဘူး မလိုချင်ဘူးဆို ပိုမှန်မယ် .........
ငယ်ရွယ်တဲ့ အချိန်မှာ အချစ်ကို ရူးသွပ်စွာနဲ့ တပ်မက်ခဲ့သေးသည်။ အချစ်ရှိရင်ရင်ပြီးပြည့်စုံမယ်လို့ စဉ်းစားခဲ့တာက လက်တွေ့မှာတက်တက်စင်အောင်လွဲနေသည်။ အကျင့်စရိုက်ချင်း ခံယူမှုချင်းမတူတဲ့ သူမတို့ဟာ လမ်းတစ်တဝက်မှာပဲ လမ်းခွဲခဲ့ကြတယ်။အဆင်မပြေမှုတွေနဲ့ ဆက်သွားကြမဲ့အစား ဒီလိုလုပ်လိုက်တာက ပိုအဆင်ပြေတယ်လို့ထင်ခဲ့လို့ပါ။ ချစ်ချင်းတို့ စုတည်ပြီး ဖြစ်ပေါ်လာခဲ့တဲ့ အစိုင်ခဲလေးက သူတို့နှစ်ယောက်ကြားက ဓားစာခံပေါ့ .........
အတ္တကြီး တယ်လို့ပဲဆိုဆို ထို အစိုင်ခဲလေးကအစက သူမရဲ့ထိန်းချုပ်မှုအောက်ပဲရှိိနေစေချင်ခဲ့တယ်......
ဒါပေမဲ့ လောကကြီးရဲ့ သဘောသဘာဝ အတိုင်း ဘယ်သူက လွန်ဆန်နိုင်မှာလည်း~အတောင်စုံရင် အသိုက်ကနေ ခွဲထွက်ကြတာပဲ ......
အတတ်နိုင်ဆုံး ဆွဲထားခဲ့ပေမဲ့ ဘယ်တတ်နိုင်မလည်း လက်လွှတ်ပေးရမဲ့အချိန်ကို ရောက်လာပြီ ပေါ့.........
ချင်းဟွာက သူမရှေ့က သားငယ်ကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်သည်။မျက်ခုံးလေးထိလုမတတ် တွန့်ကွေးနေပြီး နှုတ်ခမ်းကိုလည်းတင်းတင်းစေ့ထားသေးသည်။ဒါက အချစ်တွက် သတ္တိတွေမွေးထားချင်းပေါ့ ......
မနေ့တနေ့က မှ အမေ့ ရင်ခွင်ထဲခေါင်းတိုးပြီး ချွဲတတ်တဲ့ကလေးလေးက အခုတော့ တစ်ခြား လူကို ကာကွယ်ပေးဖို့ အားအင်တွေပြည့်နေပြီ ထင်ပါသည်။
"မား ဒါကျွန်တော် နောက်ဆုံးတောင်းဆိုချငး်ပဲနော် ကျွန်တော့ကို ရှောငး်ကျန့်နဲ့သဘောတူပေးပါ "
VOUS LISEZ
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~