အဆင်မပြေခြင်းအစ(Unicode)

1.6K 113 1
                                        

ဟန်နီးမွန်းကပြန်လာပြီးသည်အထိ ရှောင်းနဲ့ဝမ်ရိပေါ်ရဲ့ဆက်ဆံရေးတွေပိုပြီးတိုးတက်ကောင်းမွန်လာပြီး အရည်ပျော်ကျမတတ်ချစ်ပန်းတွေပဲဖူးပွင့်နေတယ်။သူတို့နှစ်ယောက်ရဲ့ပိုကဲတဲ့ အီစီကလီမြင်ကွင်းတွေကိုရုံးကလူတွေနဲ့ အသိမိတ်ဆွေတစ်ချို့ကပါ နောက်ကွယ်မှာတိုးတိုးတိတိနဲ့ပြောလာကြသည်။မနာလိုသူူတွေလည်းရှိသလိုအားကျသူတွေကလည်းမနည်းပေ။

"ငါပြောမယ် လုံးဝသည်းမခံနိုင်တော့ဘူး အဲ့အတွဲကို ! "

ယမ်ယမ်က စားပွဲကိုတစ်ချက်ရိုက်ပြီးမခံမရပ်နိုင်စွာပြောသည်။သူမတကယ်ကိုကြည့်လိုမရတော့ပါ။ဘယ်သူကချစ်သူမထားဘူးလိုလည်း?ဘယ်သူကရောအိမ်ထောင်သည်တွေကိုမမြင်ဘူးလို့လည်း ?

အခုတော့လိုတာထက်ကိုပိုနေတာ~

"အိုက်ယားး ကျဲ ~လွှတ်ထားလိုက်ပါ သူတို့ကကြင်စဦးတွေပဲလေ "

ကျိုးလီရှင်းက လေပြေအေးလေးနဲ့ဖြောင်းဖြသော်လည်းသူမကတော့ ဒေါသထွက်ဆဲဖြစ်သည်။သူတို့မှာမှီစရာရင်ခွင်ရှိနေတာနဲ့ပဲတခြားလူကို နှိမ်စရာလိုလို့လား။နောက်မှ တငိုငိုတရီရီနဲ့လာပြီးတိုင်တောကြည့် သူလုံးဝလှည့်မကြည့်ဘူး။

အသက်ရှုသံက်ုထိန်းလိုက်ပြီး ဘေးနားကထမင်းပလုပ်ပလောင်းတဲ့စားနေသူကို မျက်လုံးတစ်ချက်ဆွေကြည့်လိုက်သည်။

ဝက်သားကြော်ကိုတသွပ်သွပ်ထည့်နေပြီး။ဟိုဟိုဒီဒီတွေ့ကရာအရွက်ဟင်းတွေကိုပါ စားနေတာဖြစ်သည်။ဒီကောင် အစားကလွဲပြီး ဘာမှမရဘူး။အခုသူက ဘယ်သူကြောင့် ဒီလိုအငယ်တွေဆီကအနှိမ်ခံရတာလည်း။အားလုံးကအဖြစ်မရှိတဲ့ ဒီကျိုးလီရှင်း ဆိုတဲ့ကောင်စုတ်ကြောင့်ပဲပေါ့။သူမအခုစောင့်ဆိုင်းနေရတာလည်း အချိန်ဘယ်လောက်ကြာနေပြီလည်း။တစ်ရုံးလုံးလည်း သိနေသလို သူလည်းသိနေတာပဲ။

ဒါကိုအခုထိသရဲဘောကြောင်နေတာ !အရူးလိုကောင်~

"လီရှင်း ! "

"အွမ်းးး "

ပါးစပ်ထဲစားစရာအပြည့်နဲ့လူက စကားကိုတုန့်ပြန့်မှုမပေးနိုင် တစ်ချက်ပဲအမူအယာပြသည်။သူမ သက်ပြင်းတစ်ချက်ရှိုက်ကာ !

Tie me down ( yizhan )[completed]Место, где живут истории. Откройте их для себя