စိတ်မချတော့ဘူး(Unicode)

2.6K 241 3
                                    

ကျစ်.... မဖြစ်သင့်ဘူး... ဒါ လုံးဝမဖြစ်သင့်ဘူး...

ယမ်ယမ်က ဖုန်းစခရင်မ်ကို ကြည့်ပြီး တစ်ချက်ညည်းသည်။ယောက္ခမဆိုတို်င်း သမက်ကို နိုင်ရမယ်ဆိုတာ ဘယ်မှာရှိလိူ့လည်း ဒါသက်သက်ချိုးတာ....

ဟိုကျန့်ကျန့်က ငြိမ့်ခံနိုင်ပေမဲ့သူကတော့ မနေနိုင်ဘူး။ ရှောင်းကျန့်က သူရဲ့မောင်အရင်းမဟုတ်ပေမဲ့ မောင်လေးတစ်ယောက်လိုပဲစောင့်ရှောက်ခဲ့တာ......

ဒီလိုသာ သူများအထုတ်ပိုးတွေ ကိုင်ပြီး ရှောက်သွားနေရတဲ့ပုံမြင်ရင် သူမ သူငယ်ချင်းလီလီ တော့ ရင်ကျိုးမှာပင်....

မရဘူး ဒီကစ္စ ကရှင်းမှကိုဖြစ်မယ်။

ယမ်ယမ်က ခုံကိုတစ်ချက် ရိုက်ပြီး ထလိုက်သည်။

"ကျဲ ဘာဖြစ်လို့လည်း "

လီရှင်းက နီရဲပီးဒေါသထွက်နေတဲ့သူ့ကျဲမျက်နှာကြောင့် ဘာတစ်ခုမှမဟရဲပေမဲ့ အကြောက်အလန့်မရှိတဲ့လုယီကတော့ ပတ်ခနဲမေးသည်။

"စာရင်းရှင်းမလို့..."

"ဘယ်သူ့နဲ့လည်း "

"ဝမ်ရိပေါ်နဲ့ "

ယမ်ယမ်အဖြေကြောင့် လီရှင်းရော လုယီပါ ဘေးဘီသို့ဝဲကြည့်ကြသည်။ဌာနမှူးကိုများ ဝမ်ရိပေါ်တဲ့ အင်းး ကျဲက နေပြင်းလို့ဂေါက်သွားလား.....

"ဘာဖြစ်လို့လည်း ကျဲရယ် ဒီဇိုင်းနဲ့ပတ်သတ်ပြီး အဆူခံရတဲ့ကိစ္စဆိုထားလိုက်ပါတော့ဌာနမှူးက ဘယ့်သူ့ကို အကောင်းပြောဘူးလို့လည်း "

မဖြစ်သင့်တာ မဖြစ်ရအောင် ကျိုးလီရှင်းကဖြန်ဖြေသည်။ ကျဲ ဒေါသထွက်ရင် ကြောက်ဖို့ကောင်းတယ်..... သူမက ခေါင်းတွေကြီးပဲပိတ်ခေါက်တာ ...

"ခုက ဒီဇိုင်းကိစ္စမဟုတ်ဘူး ငါချစ်တဲ့မောင်လေးကို တန်ဖိုးမထားလို့လေ သူကရာထူးကြီးတယ်ဆိုပြီး ဒီလို လုပ်ချင်တိုင်းလုပ်လို့ရလား "

ယမ်ယမ်က လက်ပေါက်ကပ်တဲ့ငတုံးနှစ်ကောင်ကို မရှင်းပြချင်တော့တာနဲ့ အခန်းထဲက ပဲ လျှင်မြန်စွာထွက်လိုက်သည်။

လုယီက ထွက်သွားတဲ့ ယမ်ယမ်ကို ကြည့်ပြီး ပါးစပ်လေးပါ ဟနေသည်။ သ့့ူအမြင်မှာ ကျဲက အတောင်ပံတွေပါ ထွက် ပြီး အလင်းရောင်တွေပါဖျာနေသလိုမျိုး.....

Tie me down ( yizhan )[completed]Tempat cerita menjadi hidup. Temukan sekarang