ကိုယ်တို့လက်ထပ်ကြမယ်(Zawgyi)

1.6K 84 1
                                    

ကျိုးလီရှင်း သူ့ရှေ့က အတွဲကိုကြည့်ပြီး စိတ်ကုန်နေတယ်။ဘာလို့သူပဲ ဒီလို စိတ်ဒုက္ခကို ခံစားနေရတာတုန်း ! မတရားလိုက်ကြတာ ~

"ဒီဇိုင်နာကျိုး ... "

"ဗျာ "

"ဟော့ပေါ့ကို အစပ်တွေအရမ်းမစားနဲ့ ဗိုက်အောင့်မယ်လို့  "

ရှောင်းကျန့်နဲ့ ဘေးချင်းကပ်ထိုင်နေပေမဲ့ စိတ်ကောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြားခံနယ်က ကျိုးလီရှင်းဖြစ်လာသည်။စိတ်ကသိပ်မကြည်ပေမဲ့ ဘယ်တတ်နိုင်မလည်း ဌာနမှူး ပဲလေ !

"ကျန့်ကျန့် ကြားလား "

"မကြားဘူး ကိုယ့်ပါးစပ်နဲ့ကိုယ်စားတာ ဘာဖြစ်လည်း "

ကျိုးလီရှင်းက ခေါင်းတစ်ချက်ကုတ်သည်။စားလက်စ ခေါက်ဆွဲပန်းကန်ကိုရှေ့တိုးပြီး တူကို ချကာ ဝမ်ရိပေါ်က ပါးစပ်ကို တစ်ရှုးနဲ့တစ်ချက်သုတ်သည်။

"ကိုယ်က စိတ်ပူလို့ပြောနေတာလေ "

"အိုးး စိတ်ပူတယ် အဲ့မှာ ဌာနမှူးရဲ့ မမကို ပဲသွားပြီးစိတ်ပူနေလိုက်ပါလား "

"မဟုတ်တာကွာ သူက customer လေ အလိုက်ထိုက်ဆက်ဆံတာကို အချစ်က နားလည်ပေးရမှာပေါ့ "

"သြော် အလိုက်ထိုက်ဆက်ဆံတာက ကိုယ်ရဲ့ ချစ်သူကို အော်ရမယ်ဆိုတာပါလို့လား "

"အော်တာမဟုတ်ပါဘူးကွာ "

စားနေတဲ့ ခေါက်ဆွဲပွဲကို အမြန်သွတ်သွင်းလိုက်ပြီး ဘေးနားက အအေးကို မော့ချလိုက်သည်။ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ ကျိုးလီရှင်း က ဆံပင်တွေကို တစ်ချက်သပ်တင်လိုက်သည်။

"ဟေးး ဟယ်လို သြော်ကျဲလား ဘာဖြစ်လို့ တစ်ကယ်လား လာပြီ လာပြီ ကျွန်တော်ပြန်လာပြီနော် "

သူ့အရှေ့က ရန်ဖြစ်နေတဲ့အတွဲကို တစ်ချက်ကြည့်ပြီး ~

" အိုက်ယား အလုပ်က လည်း ပြသနာဖြစ်ပြန်ပြီ ကျန့်ကျန့် ဌာနမှူး ကျွန်တော်ပြန်မှဖြစ်မယ် "

ဝမ်ရိပေါ်က ခေါင်းတစ်ချက်ငြိမ့်ပြတော့ ကျိုးလီရှင်းက ငရဲခန်းက လွတ်မြောက်ဟန်ဖြင့် ပြေးရန်ကြံစည်သည်။

Tie me down ( yizhan )[completed]Onde histórias criam vida. Descubra agora