တောင်တန်းတွေဆီဟန်နီးမွန်း-၂(Unicode)

1.5K 106 0
                                    

ဒီဒေသရဲ့ရာသီဥတုဟာ ချမ်းစိမ့်ပြီး စိုစွတ်စွတ်ဖြစ်သည်။မနက်ပိုင်းဆို နှင်းစက်များစုပြီး မိုးပေါက်သဖွယ်တ ပေါက်ပေါက်နဲ့ကျတတ်ပြီး နေ့လယ်ဘက်ဆို တငွေ့ငွေ့နဲ့ပူအိုက်အိုက်ဖြစ်သည်။ညဘက်တွေမှာတော့ ပေကျင်းရဲ့ဆောင်းဦးနဲ့တူသည်။အေးစိမ့်ပြီး ကွေးနေရတာမျိုး !

တစ်နေကုန်ဟိုဒီသွားလာထားရတော့ရှောင်းကျန့်က တစ်ကိုယ်လုံးနုံးချိနေပြီဖြစ်သည်။ခြေထောက်လက်ထောက်တွေသေချာသန့်စင်ပြီးမှ အိပ်ယာပေါ်ပြစ်လှဲချလိုက်သည်။အမှန်တော့ သူကနေမစောင်းခင်ထဲက တဟုန်ထိုးအိပ်ပြစ်ချင်နေတာ ဒါပေမဲ့ သူ့ယောကျာ်းကဟိုဟိုဒီဒီကန့်သတ်ထားလို့ ည၇နှစ်နာရီတိတိထိစောင့်နေရတာပေါ့။ဝမ်ရိပေါ် လူဆိုး! အရာရာ သူ့သဘောကြီးပဲ…

"အချစ် ဒီတိုင်းကြီးနေနေပြန်ပြီလား! အနွေးထည်ဝတ်မယ် လာ "

စလာပြန်ပြီ ဝမ်ရိပေါ်ရဲ့ပူညံညံအသံတွေ။

"ဒီတိုင်းပဲအိပ်ချင်နေပြီကို … "

စကားကိုလေးလေးကန်ကန်နဲ့ပြောပြီး ခြေထောက်ကိုတွန်းထိုးနေသူအားကြည့်ပြီး ဝမ်ရိပေါ်ကခေါင်းရမ်းလိုက်သည်။ကိုယ့်အတွက်ပြောလို့ပြောမှန်းမသိ ဒီဟာလေးသိပ်ကိုဆိုးသည်။သူ့ထက်ငယ်ပြီး ကလေးသာသာဆိုလည်း ဆူငေါက်ပြီးထိန်းလို့လွယ်အုံးမည်။အခုတော့ ကိုယ့်ထက်လည်းအကြီး ကလေးလည်းမဟုတ်တော့ ခက်သည်။

ဝမ်ရိပေါ်ကခရီးဆောင်အိတ်ထဲမှ ဆွယ်တာထူထူတစ်ထည်ကိုထုတ်ကာ ကုတင်ပေါ်မှာထိုင်လိုက်သည်။ထို့နောက် ပုံစံမကျလှဲနေသူကိုဆွဲထူပြီးအကျၤ ီကိုသေချာဝတ်ပေးရသည်။ပျော့တိပျော့ရွှဲနဲ့ဟာလေးက ခေါင်းကိုသူ့ပခုံးပေါ်တင်ပြီးမှေးသည်။ဘယ်လောက်မှကြာတာလည်းမဟုတ်တာကို !

"ပြီးပြီလား အိပ်ချင်နေပြီကို …… "

"ပြီးပါပြီ ပြီးပါပြီဗျာ ! "

ပြောအပြီး ခန္ဓာကိုယ်သေးသေးက ရင်ခွင်ထဲကိုအတင်းတိုးဝင်ပြီး ကျပ်တည်းစွာဖက်လာသည်။ပါးနုနုနဲ့လည်းသူ့ရင်ဘတ်ကိုပွတ်သပ်လျှက် !

"ကိုကို မင်းသိလား ဒီတစ်နေ့လုံးငါအရမ်းပင်ပန်းနေတာ ၊ လမ်းလည်းအကြာကြီးလျှောက်ရတယ် ဘာမှလည်းမစားရဘူး"

Tie me down ( yizhan )[completed]Tempat cerita menjadi hidup. Temukan sekarang