ကျိုးလီရှင်း သူ့ရှေ့က အတွဲကိုကြည့်ပြီး စိတ်ကုန်နေတယ်။ဘာလို့သူပဲ ဒီလို စိတ်ဒုက္ခကို ခံစားနေရတာတုန်း ! မတရားလိုက်ကြတာ ~
"ဒီဇိုင်နာကျိုး ... "
"ဗျာ "
"ဟော့ပေါ့ကို အစပ်တွေအရမ်းမစားန့ဲ ဗိုက်အောင့်မယ်လို ့ "
ရှောင်းကျန့်နဲ့ ဘေးချင်းကပ်ထိုင်နေပေမဲ့ စိတ်ကောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြားခံနယ်က ကျိုးလီရှင်းဖြစ်လာသည်။စိတ်ကသိပ်မကြည်ပေမ့ဲ ဘယ်တတ်နိုင်မလည်း ဌာနမှူး ပဲလေ !
"ကျန့်ကျန့် ကြားလား "
"မကြားဘူး ကိုယ့်ပါးစပ်နဲ့ကိုယ်စားတာ ဘာဖြစ်လည်း "
ကျိုးလီရှင်းက ခေါင်းတစ်ချက်ကုတ်သည်။စားလက်စ ခေါက်ဆွဲပန်းကန်ကိုရှေ့တိုးပြီး တူကို ချကာ ဝမ်ရိပေါ်က ပါးစပ်ကို တစ်ရှုးနဲ့တစ်ချက်သုတ်သည်။
"ကိုယ်က စိတ်ပူလို့ပြောနေတာလေ "
"အိုးး စိတ်ပူတယ် အဲ့မှာ ဌာနမှူးရဲ့ မမကို ပဲသွားပြီးစိတ်ပူနေလိုက်ပါလား "
"မဟုတ်တာကွာ သူက customer လေ အလိုက်ထိုက်ဆက်ဆံတာကို အချစ်က နားလည်ပေးရမှာပေ့ါ "
"သြော် အလိုက်ထိုက်ဆက်ဆံတာက ကိုယ်ရဲ့ ချစ်သူကို အော်ရမယ်ဆိုတာပါလို့လား "
"အော်တာမဟုတ်ပါဘူးကွာ "
စားနေတဲ့ ခေါက်ဆွဲပွဲကို အမြန်သွတ်သွင်းလိုက်ပြီး ဘေးနားက အအေးကို မော့ချလိုက်သည်။ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ ကျိုးလီရှင်း က ဆံပင်တွေကို တစ်ချက်သပ်တင်လိုက်သည်။
"ဟေးး ဟယ်လို သြော်ကျဲလား ဘာဖြစ်လို့ တစ်ကယ်လား လာပြီ လာပြီ ကျွန်တော်ပြန်လာပြီနော် "
သူ့အရှေ့က ရန်ဖြစ်နေတဲ့အတွဲကို တစ်ချက်ကြည့်ပြီး ~
" အိုက်ယား အလုပ်က လည်း ပြသနာဖြစ်ပြန်ပြီ ကျန့်ကျန့် ဌာနမှူး ကျွန်တော်ပြန်မှဖြစ်မယ် "
ဝမ်ရိပေါ်က ခေါင်းတစ်ချက်ငြိမ့်ပြတော့ ကျိုးလီရှင်းက ငရဲခန်းက လွတ်မြောက်ဟန်ဖြင့် ပြေးရန်ကြံစည်သည်။
ВЫ ЧИТАЕТЕ
Tie me down ( yizhan )[completed]
Фанфикшнဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~
![Tie me down ( yizhan )[completed]](https://img.wattpad.com/cover/282055448-64-k828677.jpg)