*ဟိုပြောင်းဒီပြောင်းနဲ့ရှာရခက်မှာစိုးလို့ S2ကိုဒီမှာပဲပေါင်းရေးပါ့မယ်။အပိုင်းကလည်း သိပ်မများတော့ အဆင်ပြေအောင်ပါ *
<<<<>>>>
လပ်ထပ်ပြီးသုံးလခန့်အကြာ …
"အချစ် ဒီနေရာက မြေပုံထဲမှာမပါဘူး ကိုယ်တို့ဘယ်နေရာမှာ ရောက်နေတာလည်း "
"GPSမှအလုပ်မလုပ်တော့တာ မသိတော့ဘူး ! "
ဘာပဲဖြစ်ဖြစ်အားမစိုက်ချင်တော့တဲ့ရှောင်းကျန့်ကိုကြည့်ပြီးဝမ်ရိပေါ်က သက်ပြင်းတစ်ချက်ချလိုက်သည်။သေးသေးမွှားမွှားလေးကအစသူဂရုစိုက်ပေးနေကြဆိုတော့ ဘာပဲဖြစ်ဖြစ်သူ့ကိုပဲအားကိုးချင်တဲ့စိတ်က ကြီးစိုးလာနေပြီဖြစ်သည်။
ဒီတောင်တန်းတွေကိုလာချင်တယ်ဆိုလို့ ဟန်နီးမွန်းအနေနဲ့ရွေးချယ်ခဲ့ပြီး ပိတ်ရက်ကို overtimeတွေအစားဆင်းပေးပြီး မရမက ရက်ချိန်းယူထားရတာ။ဒီရောက်တော့ သဘာဝရှုခင်းတွေက သဘောကျချင်စရာကောင်းပေမဲ့ မီး၊ရေ၊အင်တာနက်အခက်ခဲတွေအတော်ရှိသည်။အပန်းဖြေစခန်းတွေနဲ့ မြို့လေးထဲမှာပဲ အဆင်ပြေနေတာ ဒီလိုအစွန်ဖျားကနေရာတွေမှာတော့ အတော်ကိုအခက်ကြုံရသည်။လာချင်တဲ့စိတ်လေးပဲရှိတာ အခုတော့ သူ့အချစ်ကခြေကုန်လက်ပန်းကျနေပြီ။မြေပုံကလည်း မသဲမကွဲ လမ်းပြလည်းမပါလာ အင်တာနက်ကလည်းမရဆိုတော့ ဒီတစ်ခါတော့ တကယ်ကိုကံဆိုးမိုးမှောင်ကျနေပြီ။
"အားးး ကိုကို ငါတကယ်စိတ်တိုလာပြီ !ဘာလို့လမ်းတွေကဒီလောက်ရှုပ်နေတာလည်း "
််ရှောင်းကျန့်က ညည်းညူပြီး သစ်ပင်ခပ်ကြီးကြီးက ငုတ်တစ်ခုမှာ ခြေပြစ်လက်ပြစ်ထိုင်ချလိုက်သည်။သူအခုအရမ်းပင်ပန်းနေပြီ။တစ်နေကုန်လမ်းလျှောက်နေရတာ
ဘာမှလည်း မစားရသေးဘူး။ဓာတ်ပုံတွေရိုက်ပြီး ယောကျာ်းနဲ့ရိုချင်လို့ လမ်းပြတောင်မခေါ်လာဘူး။အခုတော့…"အချစ်တွေ့ရာနေရာလျှောက်မထိုင်နဲ့မြွေပါးကင်းပါးနဲ့ "
ဝမ်ရိပေါ်ကပြောရင်းဆိုရင်း ရှောင်းကျန့်ရဲ့လက်မောင်းတစ်ဖက်ကိုဆွဲထူပြီး တင်းပါးကိုပုတ်ကာ အမှုန်အမွှားတွေခါထုတ်ပေးလိုက်သည်။အချစ်ကအဆိုးလေး !

YOU ARE READING
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~