ဌာနမှူးဝမ်ကလူလိမ်(Zawgyi)

1.7K 97 3
                                    

ရှောင်းကျန့်က ကားပေါ်ကိုတက်ခါနီးတွန့်ဆုတ် တွန့်ုဆုတ်နဲ့ရယ် ~ဘေးဘီကိုဝဲကြည့်တော့ လည်း အသီးသီးကားပေါ် တိုးရိုး တက်နေကြပြီ။သူမြင်ချင်သောတစ်ယောက်သောသူဟာ အခုထိရောက်မလာသေး…

မနက်ကလည်း ဘယ်အချိန်ကထသွားမှန်းမသိဘူး သူနှိုးလာလို့ မက်ဆေ့ခ်ျလေးတစ်စောင်ပို့ကာ ပျောက်ချက်သားကောင်းနေပြန်သည်။သူ့ရဲ့ ချစ်သူအသစ်စက်စက်လေးက စတင်ပြီး စိတ်ပူအောင်လုပ်နေပြန်သည်။

"ကျန့်ကျန့် ! "

" အားးး "

နားနားက ကပ်အော်လာတဲ့ ကျဲယမ်ယမ်ရဲ့အသံကြောင့် ရှောင်းကျန့်ထခုန်မိမတတ်။
ကျဲဟာလေ သူ့ရဲ့ အသံဆိုးကြီးနဲ့ သူ့ရဲ့နားစည်တွေတော့ကွဲပြီထင်ပါရဲ့ ~

"ကျဲ ဖြေးဖြေးအော်ပါ ဒီမှာ နားကန်းတော့မယ် "

"အံမယ် ဖြေးဖြေးအော်တုန်းကကြ နင်ကြားလို့လား အခု ဘယ်သူ့ကိုစောင့်နေတာလည်း လီရှင်းကဖြင့်ကားပေါ်တက်သွားတာကြာပေါ့ "

"ကျိုးသာကော ကို စောင့်စရာလား အားအားယားယား ဒီတိုင်းပဲ လူစစ်နေတာ ကျန်ခဲ့မှာဆိုးလို့ "

"အိုးး မေတ္တာရှင်ကြီးပဲ စောင့်မနေနဲ့ ကားထဲမှာ လူစုံနေပြီ နင်ပဲရှိတော့တာ ဌာနမှူးက  CEO တို့ကားနဲ့လိုက်သွားတယ်ဆိုလား "

ကျဲ ရဲ့ စကားကြောင့် ရှောင်းကျန့်က စိတ်ခုသွားသည်။အခုဝမ်ရိပေါ်က သူ့ကို တစ်ခွန်းမှမဟပဲ အိမ်ကိုပြန်သွားတာလား ။ ဒါဘယ်လို တောင် စိတ်ပျက်စရာကောင်းတာလည်း ။မဟုတ်မှလွဲရော ညက သူမပေးလိုက်လို့ စိတ်ဆိုးသွားတာလား။ ဝမ်ရိပေါ် သောက်ရှုးကောင် မင်းငါ့ကိုလှည့်စားနေတာဆိုလို့ကတော့ အရေခွံဆုတ်ပြစ်မှာနော် ~

"ဟဲ့ ကျန့်ကျန့် ကားပေါ်တက်တော့လေ ဘာလုပ်နေတာလည်း"

"အရေခွံဆုတ်ချင်နေတာ "

"ဘယ်သူ့ကိုလည်း "

"ကျဲကို …… ဟာ ဘယ်သူ့ကိုမှမဟုတ်ဘူး ကျဲလုပ်တာနဲ့ကျွန်တော်ပါ ယောင်ကုန်ပြီ "

ရှောင်းကျန့်ကရှက်ရမ်းရမ်းပြီး ခေါင်းကိုကုတ်ကာ ကားပေါ်တက်သွားသည်။

Tie me down ( yizhan )[completed]Donde viven las historias. Descúbrelo ahora