ဘာပဲဖြစ်ဖြစ်ချစ်တယ်(Unicode)

1.6K 107 1
                                        

ရင်ခွင်ထဲမှာရိုှက်နေတဲ့လူရဲ့ ပခုံးကိုအသာညှစ်ပြီး ပါးလေးကိုတစ်ချက်နမ်းလိုက်သည်။ဘာတွေကြောင့်များဒီလောက်ထိအစိုးရိမ်ကြီးနေသည်မသိ။သူကသာချစ်လွန်းလို့အနားမှာထားချင်တဲ့လူပါ။ဘယ်လိုလုပ်ပြီး ထားခဲ့ဖို့ကိုစိတ်ပူနေရတာလည်း!

"အချစ်ရယ် ကိုယ်တောင်းပန်တယ်မငိုနဲ့တော့ ဟုတ်ပြီလား "

ဝမ်းနည်းမှုလက်ကျန်ရှိနေသေးတဲ့လူက ဘာတုန့်ပြန်မှုမှပြန်မပေးလာ။ကျောလေးကိုအသာပုတ်ပြီး ရင်ခွင်ထဲမြုပ်နေအောင်ကြပ်ကြပ်လေးဖက်လိုက်သည်။သ့ူရဲ့ချစ်ခြင်းတွေကိုဒီလူ သံသယမဝင်အောင်ဘယ်လိုများသက်သေပြရမှန်းမသိတော့ပေ။

"ကိုကို… "

နှာသံလေးနဲ့တိုးတိုးလေးခေါ်လာသည်။နှာရည်တွေရွှဲနေတဲ့မျက်နှာလေးနဲ့မော့ကြည့်လာတော့လည်းချစ်ခြင်းတွေကနှစ်ဆတိုးရပြန်သည်။ရှောင်းကျန့်ဆိုတာဟာ ဘယ်လိုလူသားလေးမှန်းမသိပါ။တစ်နေ့ထက်တစ်နေ့ပိုချစ်ဖို့ ကိုသူအလျှင်မှီအောင်ကြိုးစားနေရတော့မည်။

"ဟင် … "

သူအသံပြုတော့ ခေါင်သေးသေးလေးနဲ့သူ့ရဲ့ရင်ဘတ်ကိုလာပွတ်သပ်သည်။

"ငါ အရမ်းဆိုးနေလား ! "

"ဟင့်အင်း … အဲ့လိုဆိုးတာလေးကိုပဲချစ်တာ။အချစ်ကဆိုးရင်ကိုယ်ကထိန်းပေးမှာပေါ့ ! မင်းဆိုးမှန်းကိုယ်သိတယ် ဒါပေမဲ့ ကိုယ်ချစ်ခဲ့တာပဲလေ~မင်းကိုချစ်တာက ဒီတိုင်းမင်းရဲ့အပြုမူတွေဆိုးနွဲ့မှုတွေကိုလက်ခံနိုင်လို့ မဟုတ်ရင် ဒီအခြေနေအထိတောင်မရောက်နိုင်ပဲ ကိုယ်တို့ဆက်ဆံရေးကပြိုကွဲသွားမှာပေါ့ "

ဝမ်ရိပေါ်ပြောတော့ တလဲ့လဲ့တောက်နေတဲ့မျက်လုံးလေးတွေက တွေတွေလေးကြည့်လာသည်။တကယ်ပဲ သူ့စိတ်ထဲမှာသံသယတွေရှိနေသည်ထင်ပ့။သူတစ်ခုခုများ အမှားလုပ်လိုက်မိသေးသလားပဲ။မဟုတ်ရင်တော့ သူ့အချစ်ကဒီလိုပုံစံဖြစ်နေမယ်မထင်။

"ငါအရမ်းဆိုးလည်းသည်းခံပေးပါ ! မပြစ်ထားခဲ့နဲ့နော် "

"အဟက် … "

ဝမ်ရိပေါ်က ပွယောင်းနေတဲ့ဆံနွယ်နက်နက်လေးတွေကိုအသဲယားစွာဖြင့်ဆွဲဖွလိုက်သည်။ဒီဟာလေးကတော့ သူအူယားပြီးသေအောင်လုပ်နေတာပဲ။အလုပ်တွေပိလို့ဂရုမစိုက်တာ သူမဟုတ်ရပါဘူး။နေ့နေ့ညညဒီဇိုင်း မှဒီဇိုင်းဖြစ်နေတဲ့ သူ့အချစ်ပေါ့။အခုတော့ ခေါင်းစဉ်ကဘယ်လို ဘယ်နေရာပြောင်းလဲသွားသည်မသိ။တဖန်ပြန်လည်စိတ်ပူနေသူက သူ့ယောကျ်ားပေါက်စပါတဲ့ဗျာ။ကဲ ကောင်းပေရော့…

Tie me down ( yizhan )[completed]Where stories live. Discover now