ဝမ်ရိပေါ်က လော့ခ်မချထားတဲ့ အခန်းတံခါးကိုဖြေးဖြေးချင်းတွန်းဖွင့်ပြီးအခန်းထဲကိုဝင်လိုက်သည်။ အနက်ရောင်ဦးထုပ်အဝိုင်းကိုခပ်အုပ်အုပ်ဆောင်းထားကာ leather ဂျာကင်ကို ဝတ်ဆင်ထားပြီး ဆိုဖာတွင်ခပ်လျောလျောထိုင်ကာ ခြေထောက်တစ်ဖက်ကိုချိတ်ကာ ထိုင်နေသူသည် ဝမ်ရိပေါ်၏ နှစ်ယောက်မရှိသော ဖခင် ဝမ်ကျောက်ရီ ……
ဟန်ပါပါနဲ့ ခဲထားသော စီးကရက်ကို တစ်ချက်ဖွာကာ ဝမ်ရိပေါ်ကို ပြုံးပြီးမော့ကြည့်သည်။
"Hello My Son …… ပါးပါးကို လွမ်းလို့ငိုနေသေးလား "
ဝမ်ရိပေါ်က သူရ့ဲအဖေကိုကြည့်ပြီး စိ်တ်ပျက်သလို ခေါင်းကိုရမ်းကာ ဆိုဖာတစ်ဖက်ခြမ်း တွင်ဝင်ထိုင်သည်။
"ပါးပါးး ဒီကိုဘာလာလုပ်တာလည်း "
"အိုးဟို မလောပါနဲ့ ဝက်ပေါက်လေး ဖြေးဖြေးပေါ့ "
သူ့အဖေရဲ့ ဝက်ပေါက်လေးဆိုတဲ့ အခေါ်ဝေါ်ကြောင့် ဝမ်ရိပေါ်ရဲ့ မျက်နှာက ရံှု့မဲ့သွားသည်။
" အဲ့လိုမခေါ်ပါနဲ့တော့လို့ဘယ်နှစ်ခါပြောရမှာလည်း ပါးပါး ကျွန်တော်အခု ကလေးမဟုတ်တော့ဘူး "
"သိပါတယ် မင်းကလေးမဟုတ်တော့ဘူးဆိုတာ ဒါပေမဲ့ မင်းကအရင်လိုပဲတုံးနေတုန်းလေ "
"လိုရင်းကိုပဲပြောပါလား ကျွန်တော် အလုပ်မအားလို့ "
"ကောင်းပါပြီ ကောင်းပါပြီ ပါးပါးမင်းအတွက်သတင်းနှစ်ခုသယ်လာတယ် ပထမက သတင်းကောင်း ဒုတိယက သတင်းဆိုး What one you want to listen first my son ?"
ဝမ်ကျောက်ရီက ခုံကို တစ်တောက်တောက်ခေါက်ကာမေးသည်။ဝမ်ရိပေါ်က မျက်နှာက အလိုမကျမှုနဲ့ စိတ်မရှည်မှုဟန်များအထင်းသား။ဝမ်ရိပေါ်က သူ့့ရဲ့သားပေမဲ့ မျက်နှာထားနဲ့ ခန္ဓာကိုယ််အချိုးအစားကလွဲလို့ တစ်နေရာမှ သူနဲ့တူတယ်ရယ်လို့မရှိ။ဒီလိုဆိုပြန်တော့လည်း သူ့အမေနဲ့ တူသလားဆိုတော့လည်းမဟုတ်ပြန်။အကျင့်စရိုက်အမူယာ အားလုံးက တစ်ယောက်ထဲသီးသန့်ဆန်နေခြင်းဖြစ်သည်။တစ်ခုလေးပဲ ! ဝမ်ရိပေါ်က Mama 's boy လေးး ~
"ပါးပါး ပြောချင်တာသာပြော "
"အင်းပါ အင်းပါ ပင်းဟယ် စာရွက်စာတမ်းလေးတစ်ချို့ယူခဲ့ပါအုံး "

BẠN ĐANG ĐỌC
Tie me down ( yizhan )[completed]
Fanfictionဟေး ဒီကိစ္စကို မေ့ပြစ်ရအောင်လို့ ပြောတာမင်းပဲလေ ဘာတွေဗလောင်းဗလဲလုပ်နေပြန်တာလည်း ဌာနမှူးအစုတ်ပလုတ်~