ကံကြမ္မာစီစဉ်သောည(Unicode)

1.5K 105 0
                                    

အချိန်အားဖြင့် ညဦးပိုင်းကိုရောက်ရှိနေပြီ ဖြစ်သည်။အစက ထုံထုံထိုင်းထိုင်းနဲ့ပါတီပွဲကအခုတော့ အသက်ဝင်တာထက်ကိုပိုပြီးတက်ကြွလာသည်။ဟေးဟေးဝါးဝါးနဲ့ အသောက်စားလေးလည်းပါတော့ အကုန်လုံးရဲ့မျက်နှာတွေဟာ ပြုံးဖြီးမှုတွေပြည့်နှက်နေလျှက်…

"ကျဲ … ကျဲ "

ဝန်ထမ်းငယ်လေးတွေကြားထဲမှာ ဟီးဟီးဟားဟားနဲ့ သောက်စားနေတဲ့ယမ်ယမ်ကို ကျိုးလီရှင်းကအနားကပ်ပြီးခပ်ကြိတ်ကြိတ်ခေါ်တယ်။ဒါပေမဲ့ ကျဲကတော့ အရာမဝင်တဲ့သူ့ကိုလျစ်လျူရှုလျက်ရှိနေဆဲပါ။

"ကျဲ ! "

"အိုက်ယား ဘာလို့လာအော်နေတာလည်း နင်အဖော်မရှိလည်း ပြန်တော့ သွား "

ကျဲရဲ့စကားကြောင့် လီရှင်းက စိတ်အားငယ်သွားသည်။သေချာပေါက်မှန်သောစကားကိုပြောတာဆိုပေမဲ့ သူ့ရဲ့နူးညံ့နေတဲ့နှလုံးသားလေးက အတော်လေးမှ နာကျင်သွားရတယ်။ကျဲကတကယ့်ကိုဆိုးတာပဲ ~

ဒါပေမဲ့လည်း သူကပြောစရာရှိတာကိုဦးတည်ပြီးပြောဖို့ပဲပြင်လိုက်တယ်။ဘယ်လိုပဲသူ့ကိုဂရုမပြုအုံး သူ့ရဲ့ သွေးမစပ်မောင်လေးဆိုရင် နှစ်ခါတောင်ခေါ်စရာမလိုပဲလှည့်ပြေးလာမှာ အသေချာပဲကို။

"ကျဲ ကျန့်ကျန့်မရတော့ဘူူး "

"ဘာမရတာလည်း "

"မူးနေတာလေ ဟိုမှာကြည့်အုံး ! ရပ်ကွက်ထဲက အရက်သမားအဖိုးကြီးတိုင်းပဲ "

ယမ်ယမ်က မပွင့်တပွင့်မျက်လုံးကိုပြူးပြဲပြီး ကျိုးလီရှင်းထိုးပြနေတဲ့နေရာကိုလှမ်းကြည့်လိုက်တယ်။ရီဝေပြီးယိမ်းထိုးနေတဲ့ကျန့်ကျန့်က ပါးစပ်ကနေလည်းပွစိပွစိနဲ့တစ်ခုခုကိုရေရွတ်နေတယ်။

သူမက အသက်က်ိုပြင်းပြင်းရှုပြီး ခေါင်းကိုတစ်ချက်ခါကာ ထိုနေရာကိုပြန်ကြည့်လိုက်တယ်။တကယ့်ကိုကျန့်ကျန့်ပါပဲ။ဒါဘယ်လိုဖြစ်နိုင်မှာလည်း။သူ့မောင်လေးကဒီလောက်ဖြူစင်နေတာကို ! အခုဘယ်သူ့လက်ချက်ကြောင့် ဒီလောက်ထိဆိုးဝါးနေရတာလည်း။

သူမကဘေးနားမှာငြိမ်သက်ပြီးရပ်နေတဲ့လူဘက်ကိုလှည့်ကာ လက်ဆစ််ကိုကွေးပြီး ခေါင်းအားခပ်ပြင်းပြင်းလေးခေါက်ချလိုက်တယ်။မထင်မှတ်ထားတဲ့အခြေနေကြောင့် ကျိုးလီရှင်းကတော့ ကြောင်အလျှက် !

Tie me down ( yizhan )[completed]Tempat cerita menjadi hidup. Temukan sekarang