#unicode
တာယွီတိုင်းပြည်၏ တာယွီနန်းတော်
မိုးသည်းထန်စွာ ရွာသွန်းနေသည့် ရာသီဥတုကြား အထိန်းတော်ကြီးများနှင့် နန်းတွင်း အမျိုးသမီးသမားတော်ကြီးတို့သည် လူးလာခေါက်တုံ့ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြရလေသည် ။
မွေ့ယာခင်းထက်ရှိ မိဖုရားကြီးမှာလည်း မီးဖွားခြင်းဝေဒနာကို အလူးအလဲ ခံစားနေရကာ ကလေးဖြစ်သူကို ကြိုးစားမွေးထုတ်နေရလေသည် ။
မီးဖွားဆောင်အပြင်ဘက်ရှိ အရှင်မင်းကြီးမှာလည်း မိုးများ အုန်းအုန်းထအောင်သည်းထန်နေသည့်ကြားမှာပင် နဖူးတွင်ချွေးတို့သီးလျှက် အတွင်းထဲမှ ကလေးသံကိုသာ နားစွင့်နေလေသည် ။ လက်တို့ကိုလည်း ဆုပ်ချည်ဖြန့်ချည်ဖြင့် စိတ်လှုပ်ရှားစွာ ဖြစ်တည်နေ၏ ။
သူ၏ အသက်တမျှ မြတ်နိူးရသော မိဖုရားကြီးပင် မဟုတ်ပါလား ။ အရှင်မင်းကြီး၏ ကုန်းကုန်းသည် ခါးကို ရိုသေစွာ ဦးညွှတ်၍ ပြောရှာသည် ။
" အရှင်မင်းကြီး စိတ်အေးအေးထားတော်မူပါ ၊ မယ်မယ် အဆင်ပြေပါလိမ့်မယ် အရှင် "
" မယ်မင်းအဆင်ပြေမယ်ဆိုတာ ကိုယ်တော်သိပါတယ် ဒါပေမယ့် မယ်မင်းက ပင်ပန်းနေချိန်မှာ ရာသီဥတုကလည်း အလွန်ကိုပဲ ဆိုးဝါးနေတယ်မလား ၊ အတွင်းဆောင်က မယ်မင်းကို အဆင်မပြေဖြစ်စေမှာပဲ စိုးမိပါတယ် "
" အဆင်ပြေမှာပါအရှင် စိတ်ကိုလျှော့ထားတော်မူပါ မိဖုရားကြီးလို နှလုံးသား လှတဲ့သူက အဆင်ပြေမှာပါ "
" အိမ်း အဆင်ပြေပါစေ "
ထိုအချိန်တွင် အတွင်းဆောင်တော်ဆီမှ ကလေးငိုသံ စူးစူးဝါးဝါးက ထွက်ပေါ်လာလေသည် ။
" အူဝဲ ....အူဝဲ ....အူဝဲ "
တာ့ယွီမင်းကြီးမှာ စိတ်လှုပ်ရှားရလွန်းစွာဖြင့် ဝတ်ရုံတော်ကိုမ၍ အတွင်းခန်းသို့ ဝင်ရန် ပြင်၏ ။ သို့သော် အထိန်းတော်ကြီးက တားထားလိုက်ကာ
" မင်းကြီး မသင့်တော်ပါဘူး စိတ်ထိန်းပါ သမားတော်ကြီးက သားတော်လေးကို လာရောက်ပို့ဆောင်ပါလိမ့်မယ် အရှင် "
ŞİMDİ OKUDUĞUN
Hayran KurguUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...