ZAWGYI
Ch3- အလုပ်မှာ ပညာရှင်ပီသတယ်
အစည်းအရုံးစကားပြောခန်းထဲမှာပေါ်လာတဲ့စာနှစ်စောင်ကိုကြည့်ရင်း ချင်ရှို့ကျယ်က သူသောက်လက်စရေတွေကို ကီးဘုတ်ပေါ်ထွေးထုတ်မိသွားသည်။
သူအကြိမ်ရေအနည်းငယ်ခန့်ချောင်းဆိုးသွားကာ ခွက်ကိုချလိုက်ပြီး သူ့သူငယ်ချင်းစာရင်းကိုဖွင့်ရင်း သူ့ဝမ်းကွဲနာမည်ကိုနှိပ်လိုက်သည်။
{Private} အဝတ်ပတ်ထားတဲ့ကုချင် : မင်းဘာတွေလုပ်နေတာလဲ?
ယွဲ့ရန်ကချက်ချင်းပြန်မဖြေလာပေ။ သူကဒီကိစ္စကိုဖာထေးဖို့အတွက် စာရိုက်နေတာဖြစ်သည် ဘာလို့လဲဆိုတော့ အစည်းအရုံးဝင်တစ်ယောက်က ပြောလာတာကြောင့်ပင်။
{Guild} သစ်သီးရနံ့လေး : အာ...သူကလူစိမ်းတွေကြောက်တယ်လို့တော့ ငါမထင်ပေါင်
{Guild} အချစ်ကလေးဘီဘီ : ဖြစ်နိုင်တာက လက်တွေ့ဘဝမှာများလား ?
{Guild} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး<: ဟုတ်တယ်။ လက်တွေ့ဘဝမှာ ငါကသူစိမ်းတွေကိုမကြိုက်ဘူး ပြီးတော့ အွန်လိုင်းပေါ်ကလူဆိုရင်တော့ ရံဖန်ရံခါပဲကြောက်တာ [မျက်နှာကိုဖုံးကွယ်လျက်] ဒါပေမယ့် ဒီမှာရှိနေတဲ့သူတွေက သူစိမ်းတွေမှမဟုတ်တာ မင်းတို့အားလုံးက သူ့သူငယ်ချင်းတွေလေ။ သူ့သူငယ်ချင်းတွေကလည်း ငါ့သူငယ်ချင်းတွေပဲပေါ့၊ ငါကသူငယ်ချင်းတွေနဲ့ တသီးတသန့်ကြီးခွဲမနေချင်ပါဘူး! အိုး...ပြီးတော့သူလည်းငါနဲ့တူတူဒီမှာရှိနေတာပဲလေ အဲ့ဒါကြောင့်ငါလုံခြုံတယ်လို့ခံစားရတယ် ငါမကြောက်တော့ဘူး [ရှက်လျက်]
{Guild} >ကောင်းကင်ဘုံမုခ်ဦးကိုဖြိုခွင်းမယ် : အဲ့ဒါအမှန်ပဲ
{Guild} ဟင်းလင်းပြင် : ငါဒီဘဝမှာ ခေါင်းဆောင်ရဲ့ခွေးစာတွေကို အစည်းအရုံးစကားပြောခန်းမှာ တကယ်ကြီးစားနေရတယ်ပေါ့...
{Guild} စကြာဝဠာထဲက အသန်မာဆုံးO : ငါဒီဘဝမှာ ခေါင်းဆောင်ရဲ့ခွေးစာတွေကို အစည်းအရုံးစကားပြောခန်းမှာ တကယ်ကြီးစားနေရတယ်ပေါ့...
......
လူအုပ်ကြီးက တူညီတဲ့စာကြောင်းတွေကို ကူးယူကာ ရေးသားနေသည်မှာ စာအသစ်ပေါ်မလာခင်အထိပင်။
YOU ARE READING
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Teen FictionThis is just translation. All credits to Original author.