Chapter 41

4.5K 773 46
                                    

ZAWGYI

Chapter 41 – ခဏနေပါအုံး ဒီအိုမီဂါနဲ့ပတ်သက်ပြီး ဘာဖြစ်နေတာတုန်းဟ!
___________________________

ပထမနှစ်ကျောင်းသားတွေ အတန်းစတက်တဲ့နေ့မှာ တက္ကသိုလ်ပရဝုဏ်ဟာဆိုရင်ဖြင့် လှုပ်ရှားမှုတွေနှင့် ပျားပန်းခတ်မျှ သက်ဝင်နေလျက်။

Tတက္ကသိုလ်က ရာစုနှစ်တိုင်တည်ရှိခဲ့သောကျောင်းဟောင်းတစ်ခုပင်ဖြစ်သည်။ ၎င်းက ပြင်ဆင်ခြင်းနှင့်တိုးချဲ့ခြင်းတွေ ကြုံတွေ့ခဲ့ရသော်ငြား ၎င်း၏ယခင်အဆောက်အအုံတွေနဲ့အဓိကလမ်းမကြီးတွေကတော့ ကျန်ရှိနေဆဲပင်။

အဓိကလမ်းမကြီးက တောင်ဘက်ဂိတ်ပေါက်နားမှာဖြစ်ပြီး သင်ကြားရေးအထောက်အပံ့အဆောက်အုံတွေနဲ့ လူနေအဆောင်တွေကြားမှာပင်။ လမ်းတစ်ဖက်တစ်ချက်စီတွင် အလွန်မြင့်မားသော*ဝူထုန်တွေရှိ၏။ သစ်ပင်တစ်ပင်စီ၏ ပင်စည်လုံးပတ်ကို ရစ်ပတ်ရန် လူနှစ်ယောက်လောက်လိုပြီး သစ်ရွက်များဖြင့် ရှုပ်ထွေးနေသောအပင်၏သစ်ကိုင်းများက လမ်းတစ်လမ်းလုံးကို ဖုံးအုပ်နိုင်လောက်တဲ့အထိ အရိပ်များကို ဖန်တီးပေးနိုင်သည်။ ဒါကပဲ အသစ်ဝင်လာသူတွေအား ကြိုဆိုပြီး ကလပ်တွေလူစုဆောင်းခြင်းအတွက် တိုက်ခိုက်ရန် အကျော်ကြားဆုံးနေရာတစ်ခုဖြစ်နေရသည့် အကြောင်းအရင်းပင်။

[*Chinese parasol tree -梧桐(wútóng) - phoenix treeဟူ၍လည်းခေါ်သည်။
အောက်ဆုံးတွင်ပုံထည့်ပေးထားပါသည်။] 

ယွဲ့ရန်နှင့်အခြားသူတွေက စားသောက်ကြဖို့အတွက် တောင်ဘက်ဂိတ်ကနေ အပြင်ထွက်ခဲ့ကြပြီး သဘာဝကျစွာပင် ထိုလမ်းက သူတို့ပြန်တဲ့အချိန်အသုံးပြုသောလမ်းပင်။

လမ်းနှစ်ဖက်လုံးရှိ တက္ကသိုလ်တွင်း များပြားလှစွာသောဌာနတွေထံမှ ရွေ့ပြောင်းရလွယ်ကူသည့်အရိပ်ရအမိုးတွေကို မျက်စိဖြင့်မြင်နိုင်သလောက် တွေ့ရပေသည်။ ပြသတဲ့နေရာ၌ အမျိုးမျိုးသောကြေငြာသင်ပုန်းတွေရှိနေပြီး လမ်းအား ဆူညံမှု၊စိတ်လှုပ်ရှားမှုတို့နှင့် လှုပ်ရှားသက်ဝင်အောင် မလွဲဧကန်ပြုလုပ်နေလျက်ပင်။

သိသာစွာပင် ဒီအချိန်က အလွန်အလုပ်ရှုပ်တဲ့အချိန်ဆိုသော်ငြား ကျန်းရှောင်း၏မျက်စိဖမ်းစားဖွယ်ကောင်းပုံကြောင့် လူတွေက သူတို့၏ရှုပ်ထွေးများပြားလှသောအလုပ်တွေကြားမှ သူ့အားကြည့်ဖို့အချိန်ယူကြဆဲပင်၊ သူနှင့်အတူပါလာသောလူကိုလည်းပါပေ၏။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Où les histoires vivent. Découvrez maintenant