Chapter 60

5.2K 838 71
                                        

ZAWGYI

Chapter 60 - သူသေသွားပြီလား?

_____________________

အနက်ရောင်ပြောင်လက်နေသည့် စကျင်ကျောက်စားပွဲတွေက အလွန်လေးလံလှသည်။

သုံးယောက်သားက ထိုအရာတွေအား တွန်းရန် အတူတကွ ခက်ခက်ခဲခဲအသက်ရှူကာကြိုးစားလိုက်ရပြီး ကြီးမားသည့်အားစိုက်ထုတ်မှုပြီးနောက်တွင် သူတို့ ထိုအရာတွေကို အောင်အောင်မြင်မြင် ပုံထားနိုင်ခဲ့သည်။

သို့ပေမဲ့ ယွဲ့ရန်က မလုံလောက်သေးဘူးဟု ကွန်ပလိန်းတက်နေသေးရင်း မူးဝေလာသည့်ညှို့ဓာတ်အား သည်းခံကာ တံခါးနဲ့အနီးဆုံးရှိဆိုဖာကို ညွှန်ပြလိုက်၏။

"အဲ့ဒါကိုပါ...ရွှေ့သင့်ပြီး ကြမ်းပြင်ပေါ် အပြားလိုက်ထားသင့်တယ်"

ထိုအရာကို ရွှေ့ရတာက စားပွဲတွေထက်ပိုလွယ်ကူတာကြောင့် သုံးယောက်သားက အမိန့်ကို ပျော်ပျော်ရွှင်ရွှင်လိုက်လုပ်ကြတော့သည်။

သူတို့ဆိုဖာကိုရွှေ့ပြီးတာနဲ့ ဒါထက်ပိုပြီးလုံခြုံသည့်အရာမရှိတော့ဘူးဟု ခံစားလိုက်ရ၏။

အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူက တစ်ဖက်လှည့်ကာ မဖွယ်မရာအပြုံးတစ်ပွင့်နှင့်အတူ အရှေ့သို့လျှောက်လာခဲ့သည်။

"အခု ငါတို့ကိုနှောင့်ယှက်မဲ့သူဘယ်သူမှ မရှိတော့ဘူး...သောက်ချီး!"

သူ့စကားအလယ်တွင် အလွန်အမင်းကို ပြင်းထန်လှသည့်အနံ့တစ်ခုက ရုတ်ခြည်းပင် သူ့နှာခေါင်းထဲကျူးကျော်ဝင်ရောက်လာသည်။ အပ်တွေဖြင့်ဖုံးကာထားသည့်ဘောလုံးတစ်လုံးက သူ့ဦးရေပြားပတ်ပတ်လည်တွင် လျင်မြန်စွာလိမ့်နေသကဲ့သို့ပင်။ သူ့အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားရင်း သွေးရူးသွေးတန်းဖြင့် အနောက်သို့ပြန်လျှောက်သွား၏။

ကျန်နှစ်ယောက်သည်လည်း အနံ့က ညီတူညီမျှ ဝင်ရောက်သွားရာ နောက်ပြန်ဆုတ်လိုက်ရသည်။

သုံးယောက်သားက သူ့အားကြောက်လန့်တကြားငေးကြည့်နေသည်။

ယွဲ့ရန်က မြင့်တက်လာသောသူ့ကိုယ်အပူချိန်နှင့် မူးဝေမှုကိုသာလျှင် ခံစားနိုင်လေသည်။ သူ့ကိုယ်သူအားတင်းကာ ထောင့်နားမှထွက်၍ တံခါးဆီသို့ ဖြည်းညင်းစွာလျှောက်သွားလိုက်သည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now