Chapter 29

5.5K 949 10
                                        

ZAWGYI

Ch 29 - သူ့အားပထမဆုံးအကြိမ်သွားတွေ့မယ်

__________

[အိုမီဂါတစ်ယောက်က မြို့ထဲမှာ ရုတ်တရက်ကြီးestrus periodဝင်ရောက်ခဲ့တာမို့ အယ်လ်ဖာတွေအားလုံးက လွတ်မြောက်ဖို့ရန် သူတို့အသက်တွေနဲ့တိုက်ခိုက်ခဲ့ရသည်] နှစ်ဆယ့်သုံးရက်နေ့မွန်းလွဲပိုင်း၊ Sမြို့တော်၏တာ့ယွမ်ခရိုင်တွင် အရွယ်ရောက်အိုမီဂါတစ်ဦးသည် ရုတ်တရက်Estrus periodဝင်ရောက်ခဲ့ပြီး လမ်းပေါ်ရှိရုံးအဆောက်အအုံတစ်ခုဆီ အလျင်အမြန်ဝင်ရောက်သွားခဲ့၏။ မိနစ်အနည်းငယ်ကြာပြီးနောက် ကြည်နူးဖွယ်ရာတစ်စုံတစ်ခုဖြစ်ပွားလာခဲ့သည်။ အတွဲမရှိသေးတဲ့အယ်လ်ဖာတွေဟာဆိုရင်ဖြင့် သူတို့နှာခေါင်းတွေအား ဖုံးကာလို့ အဆောက်အအုံအပြင်သို့ပြေးထွက်လာခဲ့ကြသည်။ အမည်မသိတဲ့အယ်လ်ဖာသည် ထိုအိုမီဂါအရေးပေါ်ကားထဲမရောက်ခင်အထိ အလုပ်ပြန်သွားရန်ငြင်းဆန်ခဲ့၏။

ဤဗီဒီယိုအား ရုံးအဆောက်အအုံအတွင်းမှ ရရှိခြင်းဖြစ်ပေသည်။

ဗီဒီယိုအတွင်းရှိ အိုမီဂါက အစက်အပြောက်လေးမျှသာဖြစ်သည်။ ကြည့်ရှုသူတွေအနေဖြင့် အဆောက်အအုံထဲသို့ပြေးဝင်သွားတဲ့ပုံရိပ်လေးကိုသာ မြင်နိုင်ပြီး ၎င်းနောက် ထိုရုပ်ပုံဟာ ကော်ရစ်တာဘက်လှည့်လို့ စင်္ကြံဘက်ပြေးသွားခဲ့သည်။ ထို့နောက်ရုတ်ခြည်းဆိုသလိုပင် ၎င်းက တုံ့ဆိုင်းခြင်းအနည်းငယ်မျှမရှိပါဘဲ တံခါးဝကနေတွန်းထိုးထွက်လာသော အယ်လ်ဖာတွေအား ပြသလာပြီး သူတို့က ထိုအကူအညီမဲ့အိုမီဂါပတ်လည်ကနေ တတ်နိုင်သလောက်ဝေးအောင်ရှောင်ခွင်းသွားဖို့ ကြိုးစားနေပုံပင်။

သူတို့ဆွေးနွေးမှုအပိုင်းကို ပြောင်းလိုက်ကြသည်။

အယ်လ်ဖာတွေကို အထင်သေးစွာကြည့်ကြတဲ့ ထိုpublic figureအကောင်ကြီးတွေက သူတို့အကြောင်း စကားကောင်းပြောတာရှားတယ်လေ။ ဒါက အယ်လ်ဖာတွေဟာ လူကြီးလူကောင်းနဲ့တူတယ်လို့ သူတို့ချီးကျူးတဲ့ပထမဆုံးအကြိမ်ပဲ။ ဒါ့အပြင် ငါတို့ မှတ်ချက်အချို့အတွက် အယ်လ်ဖာတချို့ကိုတောင် တောင်းဆိုထားခဲ့သေးတယ်။သူတို့ငါ့ရဲ့လေးစားမှုကိုအပြည့်ရသွားတယ် ဘာလို့လဲဆိုတော့ အဲ့သွေးဆောင်မှုကို ခုခံဖို့အရမ်းကိုခက်ခဲလို့ပဲ

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Onde histórias criam vida. Descubra agora