Chapter 31

6.2K 1K 23
                                        

ZAWGYI

Ch 31 – ဟမ်? ငါကြားနေရတာတွေက ဟုတ်ရောဟုတ်ရဲ့လား
___________

ယွဲ့ရှီကျုံးက သူ့စာကြည့်ခန်းထဲမှ desktopကွန်ပျူတာအား အသုံးပြုတာဖြစ်သည်။

ထို့ကြောင့် ယွဲ့ရန်အနေဖြင့် သူ့လက်တော့ပ်အား သယ်လာခဲ့ရသည်။ သူခုံတစ်ခုံဆွဲယူကာ သူ့အဖေဘေးနားထိုင်လိုက်ပြီး သူ့အဖေဂိမ်းထဲlog inဝင်နေတာအား မဖော်ပြနိုင်တဲ့ခံစားချက်နှင့်အတူ စောင့်ကြည့်နေခဲ့သည်။

“ပါး ဘာလို့ ရုတ်တရက်ကြီး ဒီဂိမ်းကိုကစားချင်သွားရတာလဲ”

ယွဲ့ရှီကျုံးကပြန်ဖြေ၏
“သားဒါကိုနေ့တိုင်းဘာလို့ဆော့နေတာလဲဆိုတာကို ပါးသိချင်လို့။ ဘယ်လိုပဲဖြစ်ဖြစ် ပါးမှာအချိန်အားနေတာပဲလေ”

ယွဲ့ရန်မေးလိုက်သည်
“ဒါဆို ပါးပထမဆုံးအကြိမ်ဆော့တုန်းက ဘာလို့သားကိုမပြောခဲ့တာလဲ”

“…” ယွဲ့ရှီကျုံး အလေးအနက်ထားဝန်ခံလိုက်သည်။
“သားရှေ့မှာပေါ်မလာခင် ပါးက ခွန်အားပြည့်ကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့တာ။ အဲ့လိုဆို သားအန္တရာယ်ဖြစ်တာနဲ့ ပါးချက်ချင်းပဲ သားကိုစပရိုက်လုပ်ပြီး အပြေးလာကာကွယ်လို့ရပြီ။ နောက်ပိုင်းကျ ဒီဂိမ်းက ပါးမျှော်မှန်းထားတာထက် အများကြီးပိုခက်မှန်း ပါးသိလိုက်ရတယ်လေ”

ယွဲ့ရန်က သူ့မျက်နှာကိုတည်ငြိမ်နေအောင် အကောင်းဆုံးကြိုးစားနေရ၏။ ဘယ်လိုစကားလုံးကို သုံးသင့်မှန်း သူမသိချေ။

ထိုခေါင်းစဉ်အားကျော်လိုက်ပြီး ဘာမှမကြားလိုက်သလို ဟန်ဆောင်ကာ သူ့အဖေ၏ကာရိုက်တာအမျိုးအစားအား ကြည့်၍ ညွှန်ကြားလိုက်သည်
“ဓားသမားက ကောင်းမွန်တဲ့အမျိုးအစားပဲ၊ ပါးရဲ့ကာရိုက်တာstatsကို ကျွန်တော်ကြည့်လိုက်အုံးမယ်”

ယွဲ့ရှီကျုံးက သူ၏ကာရိုက်တာအချက်အလက်ပေ့ခ်ျအား ဖွင့်ပြကာပြောလိုက်သည်
“ပါးရဲ့statsကို မုန်တိုင်းလို့ခေါ်တဲ့ ထိပ်တန်းကစားသမားအတိုင်း ပေါင်းထည့်ထားပေမဲ့ အမြဲသေနေတော့တာပဲ”

[*ဒီမှာပြောတဲ့statsဆိုတာကလေ ဘယ်လိုကိရိယာတွေပေါင်းစပ်ရလဲဆိုတာမျိုးပါ။ ဓားသမားအနေနဲ့ဆို တိုက်ခိုက်ရေးအမျိုးအစားထဲက ကိုယ်နဲ့သင့်လျော်တဲ့ကိရိယာတွေကို ဝယ်ပြီး ထည့်ထားရတာမျိုးပေါ့]

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now