Chapter 18

4.7K 940 82
                                    

ZAWGYI

Ch 18 - ဆင့်ခေါ်သူလေးနဲ့လူငယ်လေးက တစ်ယောက်တည်းဖြစ်သွားတယ်
____________

မြေအောက်အကျဉ်းတိုက်ဖြစ်စဉ်အတွင်းတွင် အမိန့်ပေးပို့ကာ ဆက်သွယ်ရပိုအဆင်ပြေစေရန် ကစားသမားတွေက အများအားဖြင့် YYထဲတွင်အခန်းငယ်လေးဖန်တီးလေ့ရှိသည်။

ကျန်းရှောင်းရဲ့ငါးယောက်အဖွဲ့ဟာလည်း ထိုသို့လုပ်ထားပေ၏။ ဒီအခိုက် အရှေ့ပိုင်းနှင်းမုန်တိုင်းနဲ့အခြားသူတွေ အကျဉ်းတိုက်လော်ဘီထဲကနေ ထွက်ခွာသွားတဲ့အချိန် တစ်စုံတစ်ယောက်က စကားပြောလာသည်။

အချစ်ကလေးဘီဘီက ဟစ်ကြွေးလျက် “ သောက်ကျိုးနည်း! သူတို့အားလုံးက ဂိုဏ်းအကြီးကြီးတွေရဲ့ခေါင်းဆောင်တွေပဲ”

စကြာဝဠာထဲတွင်အသန်မာဆုံးOကမေးလိုက်၏ “ခေါင်းဆောင် သူတို့တွေက မင်းကိုဘာလို့ရှာတာလဲ”

ဟင်းလင်းပြင်ကတော့ သူ့ရဲ့စိတ်ကူးယဉ်ဇာတ်ညွှန်းတွေကို ပစ်ထုတ်လာသည်။
“ဖြစ်နိုင်တာက သူတို့ကလနတ်ဘုရားရဲ့ဘက်တော်သားတွေများလား? သူက ငါတို့မရီးကိုသူငယ်ချင်းတစ်ယောက်အနေနဲ့ပဲမြင်တယ်လို့ကြေညာခဲ့တဲ့အချိန် အမှန်တော့သူလက်လွှတ်ဖို့ငြင်းဆန်နေခဲ့တာပဲ။ အဲ့ဒါကြောင့် သူက ဒီချစ်ခင်ကြည်နူးနေတဲ့စုံတွဲကို ဖိအားပေးခွဲပစ်ဖို့အတွက် ဒီဂိုဏ်းခေါင်းဆောင်တွေကိုစေလွှတ်ပြီး ငါတို့ခေါင်းဆောင်ကိုဖိအားပေးခိုင်းခဲ့တာ။ တကယ်လို့ခေါင်းဆောင်က သဘောမတူဘူးဆိုရင် သူတို့တွေက အတူတူပူးပေါင်းပြီး သူ့အကောင့်မဖျက်မချင်းသူ့ကိုသတ်ကြလိမ့်မယ်!”

ယွဲ့ရန် : “…”

အချစ်ကလေးဘီဘီ : “…”

စကြာဝဠာထဲကအသန်မာဆုံးO : “…”

“မဟုတ်ဘူး” ကျန်းရှောင်းက ဒီမတော်မတရားမှန်းဆချက်ကြီးကို တစ်စစီဖြိုခွဲပစ်လိုက်၏ “သူတို့က ငါ့ကိုဂိုဏ်းအရာရှိတစ်ယောက်အနေနဲ့ သိမ်းသွင်းချင်နေတာ”

လူအများအပြားကရှော့ခ်ရသွားကြပြီး သူတို့တွေတူညီတဲ့မေးခွန်းကိုမေးလာသည်
“ဘယ်ဂိုဏ်းလဲ”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now