ZAWGYI
Chapter 46 - ဒီတော့ လက်အကြီးကြီးနဲ့ဆုပ်ကိုင်ခံရတာက ဒီလိုခံစားချက်မျိုးပေါ့
ယွဲ့ရန်က ဂိမ်းဖိုရမ်ကို သွားကြည့်ခဲတာမို့ ဒီယုံကြည်မှုအသစ်ပေါ်ထွက်လာခြင်းကို သတိမမူမိပေ။
သို့သော်ငြား သူ၏အတင်းအဖျင်းချစ်သူအခန်းဖော်ကတော့ သွားကြည့်ခဲ့သည်၊ သို့ပေမဲ့ လင်ချင်းက ကျောင်းဖိုရမ်ဆီသွားခြင်းဖြစ်ပြီး ဂိမ်းဖိုရမ်မဟုတ်ပေ။ ယွဲ့ရန် နောက်ကျမှ ပြန်ရောက်လာပြန်ပြီး ဆေးကြောသန့်စင်ကာ ဘာမှမဖြစ်ခဲ့သလိုမျိုး အိပ်ရာပေါ်တက်သွားတာကိုမြင်တော့ သူပါယွဲ့ရန်နှင့်အတူတက်သွားလိုက်၏။
ယွဲ့ရန်က အလိုမရှိသည့်ဧည့်သည်ကို တိတ်ဆိတ်စွာကြည့်နေလျက်။
လင်ချင်း သူ့အားလေ့လာလိုက်သည်။
"မင်း စိတ်ဖိစီးစရာကိစ္စရပ်တွေကြုံရင်လဲ ကောင်းကောင်းနေနိုင်တယ်မလား"ယွဲ့ရန်ခေါင်းညိတ်ပြလိုက်သည်။
ထို့ကြောင့် လင်ချင်းက အကြောင်းအရာဆီ တန်းတန်းမတ်မတ်သွားလိုက်ပြီး သူ့ဖုန်းကိုပြလိုက်၏။
ယွဲ့ရန်ခေါင်းစဉ်အားကြည့်လိုက်ပြီးနောက် ၎င်းကကျစ်လျစ်ရှင်းလင်းသည့်ခေါင်းစဉ်နှင့်အတူ ကျောင်းဖိုရမ်မှဖြစ်ကြောင်းတွေ့လိုက်ရသည် : [ကျောင်းမြက်လေးက ဒိတ်နေတယ်!]
ယွဲ့ရန် : "..."
လင်ချင်းက အံ့သြလေးစားမှုဖြင့်ပြောလိုက်သည်
"စာအရေအတွက်ကို ကြည့်လိုက်အုံး။ မင်းယောက်ျားက အရမ်းကိုကျော်ကြားတယ်ဆိုတာ သေချာတယ်"ယွဲ့ရန်အမှန်ပြင်ပေးလိုက်သည်
"ငါ့ယောက်ျားမဟုတ်ဘူး"လင်ချင်း စိစစ်ပြင်ဆင်ပေးလိုက်၏
"မကြာခင်-ဖြစ်လာမဲ့-ယောက်ျား"ယွဲ့ရန် : "..."
လင်ချင်းပြောလိုက်သည်
"မင်းငါ့ကိုဘာလို့ကြည့်နေတာလဲ? ငါပြောတာမှားလို့လား? မင်းသူ့အပေါ်ဘာမှမခံစားရပါဘူးလို့ ပြောရဲလား"ယွဲ့ရန် တစ်ခဏမျှ ဆိတ်ငြိမ်စွာတွေးတောကြည့်လိုက်သည်။
တစ်ဖက်လူက ခံစားချက်ပိုင်းဆိုင်ရာအကြောင်းအရာတွေအား မျှဝေရခြင်းကို မကြိုက်ဘူးဟု လင်ချင်းယူဆလိုက်သည်။ သေချာတာပေါ့၊ ဒါက သူတို့အချင်းချင်းအရမ်းမရင်းနှီးကြသေးတာကြောင့်လည်း ဖြစ်နိုင်သည်။ သို့ဖြစ်ရာ သူ့အခန်းဖော်စိတ်အနှောင့်အယှက်ဖြစ်မှာကို ရှောင်ရှားရန်အတွက် သူ့ကိုယ်သူလျင်မြန်စွာရပ်တန့်လိုက်၏
"ရပြီ ငါကမင်းကိုကြိုပြောပြထားရုံပါ၊ မင်းဘာသာမင်းသွားကြည့်လိုက်ပေါ့"
YOU ARE READING
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Teen FictionThis is just translation. All credits to Original author.