Chapter 54

5.6K 856 66
                                        

ZAWGYI

Chapter 54 - ပုန်ကန်တတ်တဲ့ကလေးက ဦးဆောင်နိုင်တဲ့တာ့ကောအဖြစ် ရင့်ကျက်လာခဲ့ပြီ

_________________

ယွဲ့ရှီကျုံး၏ပထမဆုံးတုံ့ပြန်မှုကတော့ ရန်ရန်အား ဆက်သွယ်ဖို့ပင်၊ သို့သော်ငြား မကြာခင်တွင် သူတုံ့ဆိုင်းသွားရ၏။

မိဘတွေက သူတို့ကလေးတွေရဲ့ကိစ္စရပ်တွေကို အရမ်းအများကြီး ကြားဝင်လို့မရနိုင်ပေ၊ သူ့သားလေးက ဘယ်လောက်တောင် ထိလွယ်ရှလွယ်ဖြစ်လဲဆိုတာကို အသာထားလိုက်အုံး။ သူ ပေါ့ပေါ့ပါးပါး မေးလို့မရနိုင်ပေ။ ဒါ့အပြင်...ရန်ရန်က ကျန်းရှောင်းကို "ယောက်ျား"လို့ ယခင်က ခေါ်ခဲ့ဖူးသည်။ ဒီတစ်ကြိမ်မှာ ထပ်ပြီးဟန်ဆောင်တာဆိုရင်ရော?

တစ်စိမ့်စိမ့်တွေးဆပြီးနောက် သူ့ သူငယ်ချင်းစာရင်းကို သူစစ်ကြည့်လိုက်ပြီး ဖြစ်ချင်တော့ ချင်ရှို့ကျယ်က အွန်လိုင်းဖြစ်နေရာတာကြောင့် သူသီးသန့်မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။

{Private} အမည်မသိစောင့်ရှောက်သူ : ရှို့ကျယ် ငါက မင်းဦးလေးပါ

တစ်ဖက်ခြမ်းမှာတော့ ချင်ရှို့ကျယ်က custom arena ခန်းမြေပုံထဲသို့ ခြေတစ်ဖက်ချရုံရှိသေး၏။

ဂိမ်းက နှစ်ကုန်မှာ နှစ်ယောက်တွဲပြိုင်ပွဲကို ကျင်းပမှာဖြစ်သည်။ မကြာသေးခင်တုန်းက updateမတိုင်ခင် မြေပုံတွေက ပိုမိုရိုးရှင်းပြီး ဆိုးရွားတဲ့shot callerတစ်ယောက်အနေနဲ့ ကြည်လင်နေမင်းဖြူ မကိုင်တွယ်နိုင်သည့် အစီအစဉ်ချမှုအကြီးစားတွေ ရှိရန် မလိုအပ်သော တစ်ယောက်ချင်းပြိုင်ပွဲစဉ်တွေနဲ့ နှိုင်းယှဉ်လျှင် updateပြီးနောက် နှစ်ယောက်တွဲပြိုင်ပွဲမှာ ပိုမိုရှုပ်ထွေးသောမြေပုံတွေ ပါဝင်ပေသည်။ သူတို့တွေထဲမှာ ကြည်လင်နေမင်းဖြူ အနိုင်ကျင့်ဖိနှိပ်ခံရတာကို ချင်ရှို့ကျယ်တွေးမိသွားတော့ တကယ့်ပြိုင်ပွဲအတွင်းတွင် အခွင့်အရေးအယူခံရခြင်းမှ ရှောင်ကြဉ်ရန် သူဘုန်းတော်ကြီးအား မြေပုံအသစ်နှင့် ရင်းနှီးမှုရရှိစေဖို့ ဆွဲခေါ်လာခဲ့သည်။

သီးသန့်မက်ဆေ့ခ်ျကို သူလက်ခံရရှိလိုက်ချိန် ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ခုန်လိုက်သည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Donde viven las historias. Descúbrelo ahora