Chapter 67 : Extra3

3.1K 584 7
                                    

ZAWGYI

Chapter 67 – Extra 3

____________________________

မိသားစုနှစ်ခုက တွေ့ဆုံခဲ့တာ ကြာပြီဖြစ်ကာ ကျန်းရှောင်းနှင့်ယွဲ့ရန်ဟာလည်း အချင်းချင်းအမှတ်အသားပေးပြီးပြီမို့ နှစ်သစ်ကူးအတွင်း တစ်ယောက်ဆီတစ်ယောက်လာလည်တာမှာ သာမန်ပင်ဖြစ်သည်။

ချင်ရှို့ကျယ်သိသလောက်ဆို ကျန်းရှောင်းက ဆယ့်ရှစ်ရက်နေ့တွင် Sမြို့သို့လာမှာပင်။ သူက ယွဲ့ရန်ကို သူတို့ အတန်းတွေ မစခင်အထိနေဖို့ သူ့အိမ်ဆီ မခေါ်သွားခင် ဒီမှာ ရက်အနည်းငယ်လောက်နေမှာဖြစ်သည်။

သို့ရာတွင် တစ်စုံတစ်ယောက်၏အချစ်နာကျမှုက ပေါက်ကွဲထွက်သွားပြီး ၎င်းကို ငြိမ်းသတ်ရန် ဆယ့်ငါးရက်နေ့မှာ ရောက်ရှိလာသည်။

အိုး၊ အဲ့ကောင်က သူ့ယောက္ခမမိသားစုရဲ့ပိုင်နက်မှာ သူ့ကိုယ်သူ ချုပ်ထိန်းထားဖို့လိုတယ်လို့ ခံစားမိတာမို့ နောက်ပိုင်းမှ သူ့လေယာဉ်ဆိုက်တယ်လို့ ဟန်ဆောင်ပြီး လည်ပတ်ဖို့အတွက် အိမ်ရှေ့တံခါးကို လာမခေါက်ခင် ရန်ရန်နှင့် ပွတ်သီးပွတ်သပ်နေရန် သတ်မှတ်ထားသည့်အချိန်ထက် ရက်အနည်းငယ်စောကာ ခိုးရောက်လာတာဖြစ်နိုင်ပေသည်… ဒါက ချင်ရှို့ကျယ်တွေးမိသည့် ကောက်ချက်ပင်။ ထိုအကြံအစည်နှင့်ပတ်သက်ပြီး ဘာအမှားအယွင်းမှမရှိပေ၊ ပထမတစ်ရက်နဲ့တင် ကျရှုံးသွားသောလမ်းခရီးဖြစ်သွားခြင်းမှာ သနားစရာကောင်းသည်မှလွဲ၍ပေါ့။

သူ့ဦးလေး၏ထိတ်ထိတ်ပျာပျာဖြစ်နေသော အမူအရာကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်
“မစိုးရိမ်ပါနဲ့အုံး။ သူ သူငယ်ချင်းတစ်ယောက်အိမ်မှာ နေချင်ပေမဲ့ ဦးလေးကို ပြောရမှာ အရမ်းရှက်နေမိလို့ ဖြစ်နိုင်တာပဲလေ”

ယွဲ့ရှီကျုံး၏လေသံက ခိုင်မာလှသည်။
“မဖြစ်နိုင်ဘူး၊ ရန်ရန်က လိမ္မာတဲ့ကလေးလေး။ သူဘယ်မှာနေမယ်ဆိုတာကို ဘယ်တုန်းကမှ မဖုံးကွယ်ဖူးဘူး”

ချင်ရှို့ကျယ်အကြံပေးလိုက်သည်
“ဒါဆို ဦးလေး သဲလွန်စအချို့ရအောင် ဘာလို့ သူ့ကိုစာမပြန်ကြည့်တာလဲ”

ဤသည်က အကောင်းဆုံးဖြစ်သည်ဟု ခံစားမိရင်း ယွဲ့ရှီကျုံးက ဘာပြောရမလဲဆိုတဲ့အပေါ် သူ့ဦးနှောက်ခြောက်အောင်စဉ်းစားကြည့်လိုက်သည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ