ZAWGYI
Ch8-ပေါင်ပေ့လေး ဒီကိုလာဦး
{World} ကာနေးရှင်းပန်းပွင့်လေး : ?
{World} ထာဝရလရောင်အချစ် : ??
{World} လနတ်ဘုရားရဲ့ဆွဲသီးလေး : ???
{World} ကြောင်စာ : ဘယ်သူလို့မင်းပြောလိုက်တာ? နာမည်မှန်တယ်ဆိုတာသေချာရဲ့လား?
{World} မဟာတံတိုင်းကိုထုမယ် : ဘယ်arenaဝင်ပေါက်လဲ ကျေးဇူးပြုပြီး ပွဲကြည့်ပရိသတ်တွေကို လာခွင့်ပြုပါ!
ကြီးမြတ်တဲ့လနတ်ဘုရားက လူရမ်းကားလိုပြုမူနေတယ်။ ဒါက အရမ်းရှော့ခ်ရစရာကောင်းလို့ မြေအောက်အကျဉ်းတိုက်ဝင်ပေါက်မှာရှိတဲ့ ကြွေလွင့်တော့မယ့်ကြယ်တောင် လန့်ဖျတ်သွားသည်။
{Horn} ကြွေလွင့်တော့မယ့်ကြယ် : မင်းကနောက်ဆုံးတော့ မင်းရဲ့အစစ်အမှန်ကိုပြနေပြီပေါ့
{Horn} အမှောင်ဖုံးတဲ့လ : လျှောက်နောက်နေတာရပ်တော့။ ဒါကခုနတုန်းက ငါတို့ရဲ့arenaပြိုင်ဘက်တွေ။ ငါကသူ့ကိုငါ့အတောင်တွေအောက် ခေါ်ထားဖို့စီစဉ်ထားလို့ သူနဲ့စကားပြောချင်ခဲ့တာ။ အဲ့နောက်မတော်တဆသူ့ကိုစိတ်ဆိုးအောင်လုပ်မိသွားတာ
{Horn} အမှောင်ဖုံးတဲ့လ : အဲ့ဒါကငါ့အစီအစဉ်ပဲ
အမှောင်ဖုံးတဲ့လက ဆင့်ခေါ်သူကိုဆက်သွယ်မယ်ဆိုတာ ကြွေလွင့်တော့မယ့်ကြယ်ကသိသည်။ သူဟွန်းနဲ့တင်လိုက်တဲ့မက်ဆေ့ခ်ျက ဒီလိုခွတီးခွကျအရေးအခင်းကနေ သူ့သူငယ်ချင်းအားကူညီရန်ဖြစ်သည်။ ကျန်တဲ့မေးခွန်းတွေကတော့ သီးသန့်စကားပြောခန်းမှာသာ ပြောဖို့လိုသည်။
{Private} ကြွေလွင့်တော့မယ့်ကြယ် : ဘာတွေဖြစ်သွားတာလဲ
{Private} အမှောင်ဖုံးတဲ့လ : ငါကသူ့ကိုပစ္စည်းတွေရအောင် ခေါ်သွားပေးမယ်လို့ပြောခဲ့တယ် ဒါပေမယ့်သူကငြင်းလိုက်တယ်လေ။ သူ့ယောက်ျားနဲ့ပဲလုပ်ချင်တာတဲ့။ ငါကသူ့ကိုတားရုံလေးတားခဲ့တာပါ
{Private} ကြွေလွင့်တော့မယ့်ကြယ် : အဲ့ဒါက“သူ”လို့မင်းထင်လား?
{Private} အမှောင်ဖုံးတဲ့လ : ငါထင်တာကတော့…ငါသိတဲ့ကြယ်လေးက ဒီလိုအပြုအမူပုံစံမျိုးကို လုံးဝပြောင်းမှာမဟုတ်ဘူး။
![](https://img.wattpad.com/cover/290083351-288-k997694.jpg)
KAMU SEDANG MEMBACA
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Fiksi RemajaThis is just translation. All credits to Original author.