Chapter 63

5.6K 792 13
                                        

ZAWGYI

Chapter 63 – သူတို့ ဒီနေရာမှာ ကောင်းကင်ဘုံမုခ်ဦးကိုသုံးတာက အရမ်းကိုကောင်းတယ်လို့ ငါထင်တယ်

_______________

ယွဲ့ရန် သူ့estrus peiodရဲ့တတိယအလှည့်ရောက်ရှိလာတဲ့အချိန်၊ မနက်စောစောအထိ အိပ်ပျော်နေခဲ့သည်။

သူ့ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက ချောက်ကမ်းပါးစွန်းထက်မှာ တန်းလန်းဖြစ်နေပြီး ဆေးကြောင့်ယိမ်းယိုင်နေသည့်အနေအထားတွင် ဆွဲတင်ခံထားရကာ အလိုအလျောက်တုံ့ပြန်မှုတွေကြောင့် အောက်သို့ဆွဲချခံထားရလျက်ဖြင့် မည်သည့်အခိုက်အတန့်တွင်မဆို ပြုတ်ကျတော့မယ်လို့ ခြိမ်းခြောက်နေသလိုပင်။ ထို့အပြင် ဒီတစ်ခေါက်estrus periodကို သူ့အပေါ် ကာမအားတိုးဆေးနှင့် အတင်းအကြပ်ဖြစ်ပွားစေခဲ့တဲ့အချက်က သူ့အား ပုံမှန်အိုမီဂါတွေထက် စိတ်ပိုင်းဆိုင်ရာခံစားချက်အရ ပိုပြီးနုနယ်စေ၏။

နေ့လည်ခင်း ချင်ရှို့ကျယ်ရောက်လာသည့်အချိန်တွင် လူငယ်လေးက တစ်ယောက်သောအမျိုးသားဟာ သူ့အား ကြက်ဥစားရန် အတင်းအကြပ်ပြုမူနေတာကြောင့် စိတ်ထိခိုက်စွာရှိုက်ငိုနေလေသည်။ သူ ဒီအခိုက်အတန့်အား ဆက်လက်သည်းမခံနိုင်တော့တာမို့ ဗီဒီယိုတစ်ခုမှတ်တမ်းတင်ရန် သူ့ဖုန်းအား တိတ်တခိုးလော့ခ်ဖြည်လိုက်ပြီး သူ့ဝမ်းကွဲ၏estrus periodပြီးသွားတာနဲ့ ဒါကိုသူနှင့်အတူမျှဝေဖို့ အဆင်သင့်ဖြစ်နေလေပြီ။

ယွဲ့ရန်က သူ့ဝမ်းကွဲဘာတွေလုပ်နေမှန်း သတိမထားမိဘဲ သူ့ကိုယ်ပိုင်ခံစားချက်တွေထဲ နစ်မြုပ်နေကာ ကမ္ဘာကြီးထဲတွင် ဘာတစ်ခုမှမကျန်တော့သလို ခံစားနေရ၏။ သူ ကျန်းရှောင်း၏လက်မောင်းတွေထဲတွင် တစ်ခဏကြာအသိုက်ဖွဲ့နေပြီးနောက် ခံစားရပိုကောင်းလာကာ နှစ်ယောက်သားစကားအနည်းငယ်ပြောနေကြရင်း လင်ချင်းနှင့်ကျန်သူတွေဝင်ရောက်လာတာအား မြင်လိုက်ရလေသည်။

သူ့ဇာတ်လမ်းကို ပြီးခဲ့တဲ့ညက ဖိုရိမ်တွေပေါ်မှာ တင်ခဲ့ကြသည်။ ယင်းက ဆူပူသောင်းကျန်းမှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး ယခု တက္ကသိုလ်တစ်ခုလုံး ထိုအကြောင်းကို သိသွားကြလေပြီ။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Tempat cerita menjadi hidup. Temukan sekarang