ZAWGYI
Ch4-သူနဲ့အနာဂတ်ဆိုတာရှိလာမှာမဟုတ်ဘူး (စီးကရက်ကို မီးညှိလျက်)
ယွဲ့ရန်က [လက်ကိုင်ပဝါလေးကိုဝေ့ယမ်း]တဲ့အမူအရာကိုလုပ်ကာ အစည်းအရုံးဝင်တွေကို နွေးထွေးစွာပြုံးပြလိုက်ပြီး သူတို့ရဲ့ကာရိုက်တာတွေ မြေအောက်အကျဉ်းတိုက်lobbyမှာ ပျောက်ကွယ်သွားတာကို စောင့်ကြည့်နေပြီးနောက် ကြွေလွင့်တော့မယ်ကြယ်ကို ဆက်စောင့်နေလိုက်သည်။
မြေအောက်အကျဉ်းတိုက်ရဲ့အစဦးဆုံးအခန်းတွေက လွယ်တာကြောင့်ထင်သည် သူ့ဝမ်းကွဲက သူ့ကိုစာပို့ဖို့အချိန်ရလာသည်။
{Private} အဝတ်ပတ်ထားတဲ့ကုချင် : ငါတွေ့တာတော့ ကြွေလွင့်တော့မယ့်ကြယ်ကလည်း ဒီမြေအောက်အကျဉ်းတိုက်မှာပဲ မင်းသူ့ကိုရှာဖို့ ဒီရောက်လာတာလား?
{Private} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး< : Yep
{Private} အဝတ်ပတ်ထားတဲ့ကုချင် : စိတ်လိုက်မာန်ပါမလုပ်နဲ့နော်။ ငါ့ကိုစောင့်နေ ငါတို့ကူဖော်ထုတ်ပေးမယ်
{Private} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး< : မလိုဘူး
{Private} အဝတ်ပတ်ထားတဲ့ကုချင် : မင်းက ကြွေလွင့်တော့မယ့်ကြယ်အစစ်ပါလို့ သက်သေပြပေးမယ့် အထောက်အထားတွေရှိလို့လား?
{Private} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး< : မရှိဘူး
{Private} အဝတ်ပတ်ထားတဲ့ကုချင် : …ငါ့ကိုစောင့်နေ
{Private} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး< : မလိုဘူး ကျွန်တော်သူ့ကိုအရင်တွေ့ချင်တယ်
{Private} အဝတ်ပတ်ထားတဲ့ကုချင် : မင်းအမှောင်ဖုံးတဲ့လကိုမှတ်မိသေးလား?
မေးခွန်းကြောင့်အံ့အားသင့်သွားပြီး ယွဲ့ရန်က တစ်နည်းတစ်ဖုံ နှစ်လိုဖွယ်မှတ်ဉာဏ်တွေကို ပြန်သတိရသွားသည်။
အမှောင်ဖုံးတဲ့လက လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဂိမ်းထဲမှာ သူတွေ့ဆုံခဲ့တဲ့လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်တယ်။ သူတို့က မကြာခဏတစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်တတ်ကြပြီး ယွဲ့ရန်က သူ့အကောင့်ကို ဖရိုဖရဲအခြေအနေနဲ့တိုက်တွန်းခံရပြီး ဖျက်ခဲ့ရတာမို့ သူက အမှောင်ဖုံးတဲ့လဆီ နှုတ်ဆက်မက်ဆေ့ခ်ျပို့ဖို့ကို မစဉ်းစားခဲ့မိပေ။ နောက်ပိုင်း အမှောင်ဖုံးတဲ့လက အလွန်ကိုကျော်ကြားတဲ့ streamerတစ်ယောက်ဖြစ်လာတာကို သူတွေ့လိုက်ရသည်။
STAI LEGGENDO
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Teen FictionThis is just translation. All credits to Original author.