Chapter 49

5.2K 896 62
                                        

ZAWGYI

Chapter 49 – အရမ်းနောက်ကျသွားပြီ၊ ကျွန်တော်ကြားပြီးသွားပြီဗျ!
______________________

ကျိုးကျယ်ယင်း၏အရောင်အသွေးအစစ်အမှန်တွေအား အောင်အောင်မြင်မြင်ပြသပြီးနောက် ကျန်းရှောင်းက ယွဲ့ရန်ကို အင်တာနက်ကဖေးဆီ ခေါ်သွားလိုက်သည်။

သူတို့တွေက ပုံမှန်ထက်နောက်ကျနေတာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကင်းစောင့်နေကြသည့်ဖန်တွေက စားစရာပေးဖို့အတွက် သနားဖွယ်ကောင်းစွာအော်ဟစ်ငိုယိုနေကြတော့၏။ ထုတ်လွှင့်သူက သူတို့အားချိန်းပြီးမှရောက်မလာတော့ဘဲ ရုတ်ခြည်းထပ်မံပျောက်သွားမှာကို ကြောက်နေကြသည်။ ထုတ်လွှင့်မှုစတင်တာကို မြင်လိုက်ရတဲ့အချိန် သူတို့မျက်ရည်ကျလုနီးနီးပင်။

ကျန်းရှောင်းက ရိုးရိုးရှင်းရှင်းပင် ရှင်းပြသည့်စာကြောင်းတစ်ကြောင်းပေးလိုက်သည်__ အချိန်နီးမှ ကိစ္စတစ်ခုပေါ်လာလို့။ သူယွဲ့ရန်အား အဖွဲ့ဖိတ်ကြားချက်ပို့လိုက်ပြီး ထုံးစံအတိုင်း အဆင့်တက်arenaကို ကစားလိုက်ကြ၏။

မကြာသေးခင်က သူတို့ဟာ ကျပန်းmodeမှာ ကစားနေကြတာမို့ ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ကစားသမားအချို့က ကြီးမြတ်တဲ့နတ်ဘုရားနှစ်ယောက်နှင့် *ထုတ်လွှင့်မှုတွင် ညှပ်ပါချင်ကြသည်။ နှစ်ယောက်သားက အနိုင်ရရှိနှုန်းမြင့်မားလာတဲ့အတွက် အနိုင်ရရှိနှုန်းတူညီတဲ့အသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ပြီးနောက် ကျန်တာတွေက အများအားဖြင့် အဖွဲ့ဝင်ငါးယောက်အုပ်စုတွေပင်။

[*သူတို့က တိုက်ရိုက်ထုတ်လွှင့်ပြီးဆော့တဲ့အချိန် ဖန်တွေကလည်း အဲ့ဂိမ်းModeကို ဝင်ရောက်ကြပြီး သူတို့နဲ့ယှဉ်ပြိုင်ဖို့ အတူကျမကျ ကံစမ်းနေကြတာပါ]

သူတို့ထဲမှ အများစုက ဖန်တွေပင်။

ကြီးမြတ်တဲ့နတ်ဘုရားတွေနှင့် တိုက်ခိုက်ဖို့ သူတို့၏ကံတရားအား အမှန်တကယ်စမ်းသပ်ချင်ကြသည့် အနည်းငယ်မှလွဲ၍ ကျန်သူတွေကတော့ လုံးဝပင်မတိုက်ခိုက်ကြချေ။ သူတို့တွေ စခရင်ရှော့တွေအား ရိုက်ယူပြီးနောက်တွင် သူတို့အိုင်ဒေါလ်၏လက်အောက်မှာ အသတ်ခံရဖို့ တောင်းဆိုရင်တောင်းဆို သို့မဟုတ်ပါက စိတ်ဝင်စားစရာဂိမ်းတွေကစားကြသည်၊ သူတို့ထဲက မည်သူကမှ arenaကို အလေးအနက်မထားကြချေ။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя