Chapter 58 ☘︎ Unicode

4.3K 700 25
                                    


Chapter 58 – ဒီအချက်အလက်ပမာဏက အရမ်းများမနေလွန်းဘူးလား?

______________________

ယွဲ့ရန်၏သဘာဝအလျောက်တုံ့ပြန်မှုကတော့ သူ့ကိုယ်ပိုင်နေရာသို့ ပြန်ဖို့ပင်။

ထက်ရှသည့်မျက်ဝန်း၊ မြန်ဆန်သည့်တုံ့ပြန်မှုတို့နှင့်အတူ ကျန်းရှောင်းက သူ၏tsundereအသေးလေးကို ကျွမ်းကျင်စွာ ချော့မြူလိုက်သည်။

“PKက စနေပြီ။ မင်း အခုသွားပြီး ထုတ်လွှင့်မှုဝက်ဘ်ဆိုက်ကို ဖွင့်ရင် မင်းအမှောင်ဖုံးတဲ့လရဲ့ထုတ်လွှင့်မှုအခန်းကို ရှာဖို့ လိုသေးတယ်လေ။ အဲ့အချိန်ဆို မင်းမြင်ကွင်းတော်တော်များများကို လွတ်သွားလောက်ပြီ”

ထိုဉာဏ်ပညာရှိသောအကြံဉာဏ်ကို နားထောင်ရင်း ယွဲ့ရန် ဆက်ထိုင်နေလိုက်၏။

အချိန်အနည်းငယ်တွေးတောကြည့်ပြီးနောက် လူကြီးကို သူသံသယဖြစ်စွာ ပြန်ကြည့်လိုက်ရာ ဖြစ်ချင်တော့ အချိန်မီမကွယ်ပျောက်သွားသေးသည့်အပြုံးတစ်ခုကို မြင်လိုက်ရသည်။

ယွဲ့ရန် : “…”

ကျန်းရှောင်း : “…”

ရှက်ဒေါသတစ်ခုက ယွဲ့ရန်၏စိတ်တွင်းတွင် ရုတ်ခြည်းလက်ခနဲထွက်ပေါ်လာသည်။

ကျန်းရှောင်းက ထိုဒေါသလေးကို တည်ငြိမ်စေရန် တစ်ဖက်လူအား လျင်မြန်စွာပင် ပွေ့ဖက်ကာ အနမ်းတစ်ပွင့်ပေးဖို့အတွက် ပိုကပ်အောင်မှီလိုက်ပြီး လူငယ်လေး၏ဦးခေါင်းကို ဖန်သားပြင်ဆီ ပြန်တည့်ပေးလိုက်သည်
“ကြည့်တော့၊ သူတို့စနေပြီ”

ယွဲ့ရန်က နှစ်စက္ကန့်လောက် ရုန်းကန်ပြီးနောက် ငြင်းခုံနေတာက မတန်ဘူးလို့ သူဆုံးဖြတ်လိုက်ရင်း ပြိုင်ပွဲအားကြည့်ရှုခြင်းအပေါ် စတင်အာရုံစိုက်ထားလိုက်သည်။

ပြိုင်ပွဲဝင်နှစ်ယောက်က သူတို့၏arenaစင်မြင့်အတွက် အမှောင်သစ်တောဆီ ဝင်ရောက်သွားကြ၏။

သူတို့၏အသွင်အပြင်ပစ္စည်းကိရိယာတွေက နှစ်ခုလုံး ဂျာမန်စတိုင်နှင့်ပင်။ တိုက်ပွဲစတင်ပြီးနောက် သူတို့နှစ်ယောက်လုံးကတူညီစွာပင် အကာအကွယ်တွေဖြင့် နေရာတွေကို ရှာဖွေကြလေသည်။ လမ်းလျှောက်ရင်းဖြင့် သူတို့ပတ်ဝန်းကျင်ကို ရှာဖွေနေစဉ်တွင် သူတို့ကရည်ရွယ်ချက်ရှိရှိ စက်ဝိုင်းပုံစံလျှောက်ကာ သားကောင်အား ပတ်ရှာနေကြ၏။ ရလဒ်အနေနဲ့ တစ်ယောက်က ဘယ်ဘက်တွင် ဝိုင်းပတ်နေစဉ် အခြားတစ်ယောက်က ညာဘတ်တွင်ဝိုင်းပတ်နေသည်၊ ပြီးပြည့်စုံစွာပင် အချင်းချင်းရှောင်တိမ်းနေကြ၏။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Hikayelerin yaşadığı yer. Şimdi keşfedin