Chapter 57

5.4K 791 48
                                        

ZAWGYI

Chapter 57 - ထိတ်လန့်တုန်လှုပ်ဖို့ အရမ်းနောက်ကျသွားခဲ့ပြီ
______________________

သူကြားနေရတာတွေ ဟုတ်မှဟုတ်ရဲ့လားလို့ ချူယွမ်ခံစားနေရ၏။

ယွဲ့ရန်က အချိန်တိုလေးအတွင်း လူတွေနှင့်နီးကပ်နိုင်သည့်သူမျိုး မဟုတ်ပေ။ တက္ကသိုလ်စတာ သိပ်မကြာသေးခင်မှာ ကောင်လေးတစ်ယောက်ရဖို့က သူ့အတွက် မဖြစ်နိုင်ပေ။ တစ်ဖက်လူက သူ့ခံစားချက်တွေကို သိရှိသွားပြီး ဟန်ဆောင်ပေးဖို့အတွက် တမင်တကာ တစ်ယောက်ယောက်ရှာလာတာများ ဖြစ်နိုင်မလား?

သူ တင်းမာနေသောအသံဖြင့်မေးလိုက်၏
"မင်း-မင်းရဲ့ကောင်လေး?"

ယွဲ့ရန်ပြန်ဖြေလိုက်သည်
"ဟုတ်တယ်"

ကျန်းရှောင်းက သူ့အချစ်ပြိုင်ဘက်ကို ခေါင်းညိတ်ပြလိုက်သည်။
"ငါ့နာမည်က ကျန်းရှောင်း"

ချူယွမ်၏အမူအရာက အတန်ငယ်မှောင်မိုက်သွားရင်း အင်တင်တင်ဖြင့် တုံ့ပြန်လိုက်သည်။

ကျန်းရှောင်းက တစ်ဖက်အယ်လ်ဖာ၏သဘောထားကို လုံးဝစိတ်ထဲမထားပေ။ သူ နီးကပ်အောင်လျှောက်သွားလိုက်ရင်း တည်ငြိမ်စွာမေးလိုက်၏
"ရန်ရန်က ငါးကင်စားချင်နေတယ်။ မင်းစိတ်မရှိဘူးဆိုရင် အဲ့ဒါပဲ စားကြရအောင်လေ"

ချူယွမ်က ထိုစီနီယာ ယွဲ့ရန်အား ညွှန်းဆိုလိုက်သည်နှင့်ပတ်သက်ပြီး အလွန်မပျော်မရွှင်ဖြစ်သွားလေသည်။ သူ ရန်ပွဲတစ်ပွဲစချင်စိတ်ကို သည်းခံကာ သဘောတူလိုက်သည်
"အိုခေလေ"

သုံးယောက်သားက စတုတ္ထထပ်ရှိ လွတ်လွတ်လပ်လပ်ရှိသောကန်တင်းသို့ သွားလိုက်ပြီး ပြတင်းပေါက်ဘေးရှိခုံရှည်တွင် ဝင်ထိုင်ကာ သူတို့မှာစရာရှိတာတွေအား မှာပြီးနောက် စတင်စကားပြောလိုက်ကြ၏။

ချူယွမ်က သဘာဝကျစွာပင် သူတို့ဘယ်လိုတွေ့ဆုံခဲ့လဲဆိုတာအား မေးချင်နေခဲ့သည်။ သူတို့တွေက နွေရာသီအားလပ်ရက်အတွင်း ဆုံတွေ့ခဲ့မှန်း သူသိရှိသွားကာ သူ၏အစောပိုင်းကယူဆချက်ကို မှားယွင်းသွားစေပြီး သူတို့က အမှန်တကယ်ပင် ချစ်သူရည်စားတွေဖြစ်နေကြသည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя