ZAWGYI
Ch 22 - အဲ့ဒါက ငါ့ဝမ်းကွဲညီလေး
ရှေ့ပြေးတိုက်ပွဲတောင်ကြားက ချောက်နက်ထဲမှ တောင်ကြားလမ်းလေးဆိုပေမဲ့ နှစ်ဖက်စလုံးရှိချောက်ကမ်းပါးယံတွေက သိပ်မမြင့်တာမို့ ကစားသမားတွေက သွေးအပြည့်နဲ့ခုန်ချရင်သေမှာမဟုတ်ပေ။
လက်ရှိ ချောက်ကမ်းပါးတစ်ဖက်စီရဲ့ကျောက်စိုင်ကြီးတွေနောက်မှာ ကစားသမားလေးယောက်ရှိနေ၏။ သူတို့ကင်မရာတွေကို မကြာခဏဆိုသလို အောက်ကိုရွေ့လို့ချောင်းကြည့်နေကြသည်။ သူတို့အားလုံးက ဂိမ်းအတွင်းလူသိများနာမည်တွေဖြစ်သော်ငြား ဘယ်ဂိုဏ်းရဲ့အစိတ်အပိုင်းမှမဟုတ်ပေ။ သူတို့ကြည့်ရတာ အောက်ကရှုပ်ယှက်ခတ်နေသောမြင်ကွင်းကို နှစ်ခြိုက်နေပုံပေါ်ပြီး အကယ်၍တစ်စုံတစ်ယောက်ကသာ သူတို့YYခန်းထဲဝင်လို့ သူတို့ပြောတာတွေကိုနားထောင်ကြည့်မယ်ဆိုရင် ဒီကစားသမားတွေက ပုံမှန်ပဲဆိုတာသိရှိပေလိမ့်မည်။
"ဒီဘဝမှာ မုန်တိုင်းချုံခိုတိုက်ခံရတာကို ငါတကယ်ကြီးမျက်မြင်သက်သေတွေ့လိုက်ရတာပဲ၊ ငါ့ခရီးကအချည်းနှီးမဖြစ်တော့ဘူး" နေမင်းနက်က တိုးသက်သက်ရယ်မောကာ သူ့ဂိမ်းတွင်းကာရိုက်တာက ကျောက်တုံးကြီးနောက်ဝယ် ရှေ့ခုန်လိုက်နောက်ခုန်လိုက်ပင်။ "ဝါး! သူထပ်ပြီးဖုန်ရှူလိုက်ရပြန်ပြီ ဒီအရူးကောင်ကတော့၊ မြေပြင်ပေါ်မှာပဲနေလိုက်တော့လေ!"
ညခုနှစ်နာရီကျော်ကျော်ပဲရှိသေးရာ အမှောင်ဖုံးတဲ့လရဲ့ပုံမှန်တိုက်ရိုက်ထုတ်လွှင့်ရမဲ့အချိန်မရောက်သေးတာကြောင့် သူလည်းပါလာပြီးမေးလိုက်သည်
"ဒီကစားသမားတွေက ဘယ်သူတွေမှန်း မင်းတို့ရှာတွေ့သွားပြီလား?"
အရှေ့ပိုင်းနှင်းမုန်တိုင်းက ပြန်ဖြေလိုက်သည်
"သူတို့အားလုံးက တစ်ခါသုံးအရံအကောင့်တွေပဲ။ ငါအခုချိန်ထိ ရင်းနှီးတဲ့နာမည်မျိုးမတွေ့သေးဘူး"
သူတို့ရဲ့တိုတောင်းတဲ့စကားနှစ်ခွန်းအတွင်းမှာ အောက်ဘက်တွင်တော့ နောက်ထပ်သတ်ဖြတ်မှုတစ်ကြိမ်ထပ်ဖြစ်ပွားနေ၏။
ကစားသမားတွေက သူတို့ကာရိုက်တာတွေ သတိလစ်နေစဉ် ဟွန်းကိုသုံးနိုင်တာမို့ ဟွန်းchatမှာ အဖြူရောင်Koiအဖွဲ့ဝင်တွေရဲ့ဆဲရေးဆိုမှုတွေဖြင့် ပြည့်နှက်နေလေသည်။
KAMU SEDANG MEMBACA
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Fiksi RemajaThis is just translation. All credits to Original author.
![ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]](https://img.wattpad.com/cover/290083351-64-k997694.jpg)