Chapter 39

5.3K 933 67
                                        

ZAWGYI

Chapter 39 – တကယ်တော့ ကျွန်တော်တို့က အတန်းဖော်တွေမဟုတ်ကြဘူး

_____________________________

ယွဲ့ရန်က ဒီညလည်း သူ့လက်ပ်တော့ကိုသယ်ကာ သူ့အဖေ၏စာကြည့်ခန်းဆီ သွားလိုက်ပြန်သည်။

သူ့အဖေ၏ပျော်ရွှင်နေသောအမူအရာအား အတွင်းဘက်တွင် ဆန့်ကျင်ဘက်ဖြစ်သောအမူအရာဖြင့် သူကြည့်ကာ အပြင်ဘက်မှာတော့ တည်ငြိမ်သည့်မျက်နှာထားနှင့် သူ့ဝမ်းကွဲ၏အဓိကအကောင့်ကို ဖော်လိုက်ရမလား မဖော်ဘဲထားလိုက်ရမလားဆိုတာ ဆုံးဖြတ်နေ၏။

သူ့အဖေ၏“အလားအလာ”ပေါ်မှာ သူကကျွမ်းကျင်လှပြီး သူ့ဝမ်းကွဲက သူ့အဖေကို ထိုအရည်အချင်းကြောင့် ခန့်အပ်လိုက်ခြင်းမဟုတ်မှန်း ကျိန်းသေသည်။

သူ့ဝမ်းကွဲက သူ့အဖေအကြောင်း သူ့အား အကြိမ်ပေါင်းများစွာမေးခဲ့တာကို သူပြန်တွေးကြည့်လိုက်မိသည်။ ဒါက ကျန်းရှောင်း၏အကြံဖြစ်နိုင်ပေသည်။ အဲ့တော့ အဲ့လူကြီးက သူ့ကိုတကယ်ပဲလိုက်ပိုးပန်းနေတယ်လို့ ဆိုလိုတာလား?

ဒါပေမဲ့ သူ့အခြေအနေကရော? သူ့ဝမ်းကွဲမသိဘူးဆိုတာ မဖြစ်နိုင်ပေ။

သူနဲ့အယ်လ်ဖာတစ်ယောက်မှာ ဘယ်လိုအနာဂတ်မျိုး ရှိနိုင်မှာလဲ?

စိတ်ရှုပ်ထွေးနေမိရင်း သူကျန်းရှောင်းအား လက်လျော့ရန်ပြောချင်ပေမဲ့ စီနီယာက သူ့အားဝန်မခံရသေးပေ။ သူ ဟိုလူကြီးဆီတိုက်ရိုက်သွားပြီး တစ်ဖက်လူအား သူ့ကိုလိုက်နေတာရပ်ဖို့ပြောလိုက်ရင် သူကရူးနေတဲ့ပုံပေါ်သွားလောက်လား?

ယွဲ့ရှီကျုံး သူ့သားအားတစ်ချက်ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”

တစ်ခဏကြာတိတ်ဆိတ်ပြီးနောက် ယွဲ့ရန်က နောက်ဆုံး၌ ဖွင့်ဟလိုက်လေပြီ
“အဝတ်ပတ်ထားတဲ့ကုချင်က ဝမ်းကွဲရဲ့အဓိကအကောင့်”

၎င်းအား သူ့အဖေတုံ့ပြန်ရန် နှစ်စက္ကန့်လောက်ယူလိုက်ရသည်။
“ဒီအကောင့်က ပါးဆိုတာ သူသိလား”

သူပြောလိုက်၏
“ကျွန်တော်မသေချာဘူး။ သူက ပါးကို ကျွန်တော့်အတန်းဖော်တွေထဲက တစ်ယောက်လို့ထင်နေတာ”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now