Chapter 25

6K 980 29
                                        

ZAWGYI

Ch 25 - မင်းငါ့ဝမ်းကွဲကိုကြိုက်နေတာလား
__________

ဒါက system errorလို့ ယွဲ့ရှီကျုံးထင်လိုက်မိတာဖြစ်သည်။

ထို့ကြောင့် နာမည်ကို နောက်ထပ်နှစ်ကြိမ်ရှာပြီးနောက် နှစ်ကြိမ်လုံးတူညီတဲ့မက်ဆေ့ခ်ျပဲပေါ်လာတာမို့ သူ့အကောင့်ထဲကနေထွက်၊ပြန်ဝင်ကာ ထပ်ရှာလိုက်ပြန်သည်။ ရလဒ်ကတော့ အကုန်အတူတူပင်။ နောက်ဆုံးမှာတော့ သူလက်လျှော့ကာ customer serviceကို ဖုန်းခေါ်လိုက်၏။

တစ်ဖက်ခြမ်းမှအသံက အလွန်ကိုချိုသာလျက်ပင်။
“မင်္ဂလာပါ လူကြီးမင်း၊ လူကြီးမင်းဖော်ပြခဲ့တဲ့အကြောင်းအရာနဲ့ပပတ်သက်ပြီး ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကစားသမားဟာ သူ့အကောင့်ကို အပြီးတိုင်ဖျက်သွားတာဖြစ်ပြီး နောက်တစ်ခုကတော့ ကစားသမားက နာမည်ပြောင်းကူပွန်နဲ့ သူ့ကာရိုက်တာIDကို ပြောင်းလဲသွားတာပါ”

ယွဲ့ရှီကျုံး : “…”

Customer serviceမှမေးလာသည် : “လူကြီးမင်း?”

ယွဲ့ရှီကျုံးပြန်ဖြေလိုက်၏
“အိုး ဒါပါပဲ။ ကျေးဇူးတင်ပါတယ်”

သူဖုန်းချလိုက်တဲ့အချိန် ရုတ်ခြည်း နောက်ထပ်ဆေးလိပ်တစ်လိပ်မီးညှိချင်စိတ်ပေါက်လာသည်။ သူဒီဂိမ်းကိုသဘောမပေါက်ပေ။ သူဆက်ပြီးကစားနိုင်ပါ့မလား?

မှားယွင်းတဲ့လှုံ့ဆော်မှုတစ်ခုပဲ

သူ့စိတ်အခြေအနေကို သက်သာစေပြီး အဆင့်တက်တဲ့အပေါ် စတင်အာရုံစိုက်ထားဖို့ သူ့အတွက်သူ wolfberryသီးတွေနဲ့အတူ ဂန္ဓမာပန်းလက်ဖက်ရည်တစ်ခွက်လောင်းထည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ အခြားအခန်းတစ်ခုတွင်တော့ ချင်ရှို့ကျယ်က ကြွေလွင့်တော့မဲ့ကြယ်နဲ့ အကျဉ်းတိုက်ဖြစ်စဉ်လုပ်နေလေသည်။

ဒီငါးယောက်ဖြစ်စဉ်မှာ ချင်ရှို့ကျယ်ကလွဲလို့ လူတိုင်းက နံပါတ်တစ်ဂိုဏ်းမှဖြစ်သည်။ သူအခြားသူတွေနဲ့ကောင်းမွန်စွာပူးပေါင်းခဲ့တာကြောင့် မင်မခြောက်ခင် သူတို့အကျဉ်းတိုက်အားပြီးမြောက်သွား၏။

{Party} ငိုကြွေးနေသောတံတိုင်း : ကြီးမြတ်တဲ့ကြွေလွင့်တော့မဲ့ကြယ်၊ မင်းကိုကျေးဇူးအများကြီးတင်ပါတယ်

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя