Chapter 44

5.5K 892 70
                                        

ZAWGYI

Chapter 44 - 'ကျေးဇူးပြုပြီး ကိုယ့်ကိုသနားပါအုံးကွာ' ကျန်းရှောင်းပြောလိုက်၏။

_____________________________

အပေါ်ကိုတက်သွားစဉ် ယွဲ့ရန်မျက်နှာတည်တည်ကြီးဖြင့်ပင်။

သူ့အဆောင်ခန်းတွင်းရောက်တာနဲ့ အိပ်ရာပေါ်ပစ်လှဲချလိုက်၏။ ဟိုဘက်ဘေးကနေ သည်ဘက်ဘေးကို နှစ်ကြိမ်လောက်ရွေ့ပြီးနောက် သူ့ခေါင်းအား ခေါင်းအုံးထဲတွင် မြုပ်နှံလိုက်သည်။

အား အရှက်မဲ့လိုက်တာ!

ခင်ဗျား ဘာလို့ ဒါကို ရုတ်တရက်ကြီးပြောရတာလဲ? ကျွန်တော့်ကို ပြင်ဆင်ချိန် လုံးဝမပေးဘူး!

အတင်းအဖျင်းချစ်သူ လင်ချင်းသာလျှင် အခန်းထဲ၌ရှိနေပြီး ကျန်နှစ်ယောက်ကတော့ အခြားနေရာကိုသွားနေကြသည်။

လင်ချင်းက အိပ်ရာပေါ်မှအမျိုးသားကို တစ်ချက်ကြည့်ပြီးမေးလာသည်
"ဒီတော့ သူတကယ်ပဲ မင်းကိုလိုက်နေတာလား"

ယွဲ့ရန်က သူ့မျက်နှာအား ခေါင်းအုံးမှ ခွာလိုက်ပြီး သူ့အခန်းဖော်ကိုကြည့်လိုက်သည်။

လင်ချင်းက သူ၏နီရဲနေသောနားထိပ်ဖျားလေးကိုကြည့်လိုက်ပြီး သူ၏အတင်းအဖျင်းပြောချင်စိတ်လေးက ချက်ချင်းဆိုသလိုပင် နှိုးဆွခံလိုက်ရသည်။
"ဒါဆို မင်းတို့တွေ တွဲနေကြပြီလား"

ယွဲ့ရန်ပြောလိုက်သည်
"မဟုတ်ဘူး"

လင်ချင်းက သူ့ဆီပြေးသွားကာ တစ်ဖက်လူ၏အိပ်ရာစွန်းအား ဖမ်းဆုပ်လိုက်သည်။
"ဒါဆို အဲ့ဒါက သူ့ရဲ့ဖွင့်ပြောတာလား"

ခံစားချက်ပိုင်းဆိုင်ရာတွေကို သူ့သူငယ်ချင်းတွေနဲ့ မျှဝေရာမှာ အတွေ့မကြုံမရှိသူမို့ စကားပြောရမဲ့အစား ယွဲ့ရန်က သူ့အခန်းဖော်ကိုသာလျှင် တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

လင်ချင်းခန့်မှန်းလိုက်၏
"မင်းသူ့ကိုငြင်းလိုက်တာလား"

ယွဲ့ရန်က သူ့ခေါင်းကို ခေါင်းအုံးထဲတစ်ဖန်မြုပ်နှံလိုက်ပြီး မကြားနိုင်လောက်သည့်"အင်း"အသံလေး ပြုလုပ်လာသည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Donde viven las historias. Descúbrelo ahora