ZAWGYI
Chapter 48 – မကောင်းတဲ့လူကို သူ့အကြံအစည်တွေထုတ်ဖော်ပြီး သတ်ပစ်လိုက်မယ်
_________________
မနက်ခင်း ခြောက်နာရီသုံးဆယ့်နှစ်မိနစ်။
နံနက်ခင်းအလင်းရောင်ခြည်တွေက လိုက်ကာစွန်းမှ ဝင်ရောက်လာပြီး လင်းလက်တောက်ပသောအဖြူရောင်အတန်းအဖြစ် ကျရောက်လာသည်။
နေ့သစ်တစ်ရက်စတင်လာနဲ့အတူ အပြင်ဘက်မှ နှောင့်ယှက်ဝင်ရောက်လာသော ဆူညံသံများရှိပေသည်။ ယွဲ့ရန်က သူ့ဖုန်းပေါ်မှ အချိန်ကို တစ်ချက်စစ်ကြည့်လိုက်ပြီး သူ့အခန်းဖော်တွေ တစ်ယောက်ပြီးတစ်ယောက်မထလာမချင်း သူ့ကိုယ်သူဘောလုံးတစ်လုံးအသွင် တိတ်ဆိတ်စွာ ပြန်ကွေးလိုက်သည်။ ထို့နောက် နောက်ဆုံးတော့ သူအိပ်ရာထလိုက်ပြီး သူတို့တွေနှင့်အတူ မနက်ခင်းလုပ်ငန်းဆောင်တာများလုပ်ဆောင်လိုက်သည်။
[ဖြစ်ချင်တော့ ကျန်းရှောင်းထံမှ WeChatမက်ဆေ့ခ်ျတစ်စောင် လက်ခံရလိုက်လေသည် : မင်းနဲ့ မနက်စာတူတူစားမယ်နော်?]
[ယွဲ့ရန် : မရဘူး]
[ကျန်းရှောင်း : နေ့လည်စာရော?]
[ယွဲ့ရန် : မရဘူး ]
[ကျန်းရှောင်း : ညစာ?]
[ယွဲ့ရန် : မရဘူး]
[ကျန်းရှောင်း : ပေါင်ပေ့လေး၊ စိတ်အခြေအနေ မကောင်းဘူးလား]
ယွဲ့ရန် မသိစိတ်အလျောက် သူ့ဖုန်းကေ့စ်ဖြင့်ကစားနေမိသည်။ ဒီတစ်ကြိမ်မှာတော့ သူစကားလုံးတစ်လုံးထက်ပိုစွာဖြင့် စာပြန်လိုက်သည် : [ကျွန်တော် မဟုတ်ပါဘူး]
[ကျန်းရှောင်း : မင်းသေချာပေါက် စိတ်အခြေအနေမကောင်းဘူးပဲ။ ဘယ်သူလုပ်လိုက်တာလဲ]
[ယွဲ့ရန် : ကျွန်တော်မဟုတ်ဘူးလို့ ပြောနေတယ်လေ]
[ကျန်းရှောင်း: မင်းတကယ်ပဲ စိတ်အခြေအနေမကောင်းတာမျိုး မဟုတ်ဘူးဆိုရင် ‘ပေါင်ပေ့လေး’ဆိုတဲ့အပေါ်မှာပဲ မင်းအများဆုံးအာရုံစိုက်ထားမှာ။ မင်းရဲ့ ‘မဟုတ်ဘူး’ဆိုတာနောက်မှာ မင်းကိုအဲ့လိုမခေါ်ဖို့ ကိုယ့်ကိုပြောလာရမှာ]
VOCÊ ESTÁ LENDO
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Ficção AdolescenteThis is just translation. All credits to Original author.