Chapter 5

7.9K 1K 58
                                        

ZAWGYI

Ch5-ကိုယ်နဲ့Arenaတူတူလုပ်ချင်လား?

*Arenaကစိန်ခေါ်တိုက်ခိုက်တဲ့နေရာကိုပြောတာပါ။ ပြိုင်ကွင်းတို့ စစ်တလင်းတို့ဘာညာပေါ့။

ultimate skill-အန္တိမစကေး၊ အဆုံးစွန်စကေး ။ အများအားဖြင့် damageအများဆုံးဖြစ်ပြီး cooldownလည်းအများဆုံးဖြစ်သည်။
***

ဆရာဝန်ပြောတာကို ယွဲ့ရန်ကအသေးစိတ်ပြန်ပြောလိုက်ပြီးနောက် တန့်လင်ရဲ့အမူအရာက အနည်းငယ်စိတ်သက်သာရာရသွားပြီး ယွဲ့ရှီကျုံးရဲ့နှလုံးခုန်နှုန်းကလည်း ပုံမှန်နှုန်းထားကိုပြန်ရောက်သွားသည်။ သူကရှေ့တိုးကာ သူ့သားရဲ့ပခုံးကို ဖျစ်ညှစ်လိုက်ပြီး ဆုံးရှုံးသွားတဲ့အရာကို ပြန်လည်ရရှိလိုက်သလိုမျိုးခံစားနေရသည်။

တန့်လင်ကမေးလိုက်၏ “ဒေါက်တာက အခြားဘာထပ်ပြောသေးလဲ”

ယွဲ့ရန်ကပြန်ဖြေလိုက်သည်။
“မရှိတော့ပါဘူး”

ယွဲ့ရှီကျုံးက ပခုံးကိုထပ်ဖျစ်ညှစ်လိုက်ပေမယ့် အပြည့်အဝစိတ်သက်သာရာမရသေးပေ။
“ သူတို့က သားရဲ့pheromoneကိုပဲ စစ်ဆေးတာမလား?”

ယွဲ့ရန်က အတည်ပြုပေးလိုက်၏
“ဟုတ်ကဲ့”

သူ့အဖေကဆုံးဖြတ်လိုက်သည် : “မနက်ဖြန်ကျရင် သားတစ်ကိုယ်လုံးစစ်ဆေးမှုလုပ်ဖို့အတွက် ပါးသားကိုဆေးရုံခေါ်သွားပေးမယ်”

သူ့သားနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာမျိုး ရှိနေနိုင်ကာ pheromoneသန္ဓေပြောင်းတာက ရောဂါတွေထဲကတစ်ခုဖြစ်နိုင်သည်။

ယွဲ့ရန်က မရေမရာပြောလိုက်သည်
“ အဲ့လောက်ကြီးမလိုဘူးလို့တော့ ကျွန်တော်ထင်တယ်”

“ ဂရုစိုက်လွန်လို့ ဘာအန္တရာယ်မှမရှိပါဘူး သားရယ်” ယွဲ့ရှီကျုံးက ချော့ပြောလိုက်သည်။

သူ့အမေကလည်း သူမခင်ပွန်းနဲ့ပူးပေါင်းကာ
“ သား ပါပါးပြောတာကိုနားထောင်လိုက်ပါ”

အမြဲနာခံတတ်တဲ့ယွဲ့ရန်က လူလိမ္မာလေးလိုမျိုးသဘောတူလိုက်သည်။

ယွဲ့ရှီကျုံးက သူ့သားရဲ့ခေါင်းကိုပုတ်ကာ pheromoneသန္ဓေပြောင်းမှုရဲ့လက္ခဏာတွေကို ပြန်သတိရသွားပြီး မျက်မှောင်ကြုတ်မိသွားသည်
“ ကျောင်းကအယ်လ်ဖာတွေက သားရဲ့ဆွဲဆောင်မှုကိုမခံရဘူးလို့သားပြောခဲ့တယ်မလား။ သူတို့သားကိုအနိုင်ကျင့်သေးလား?”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Onde histórias criam vida. Descubra agora