Chapter 56

5K 850 13
                                        

ZAWGYI

Chapter 56 – ငါ သူမကို အဲ့ဒါရောင်းခဲ့တာ

____________________

သေချာတာပေါ့၊ ကျိုးကျယ်ယင်းက ယွဲ့ရန်အား ဖော်ကောင်လုပ်မည်မဟုတ်ပေ။

သူက သိပ်မကြာခင်ကမှ တစ်ဖက်အိုမီဂါနှင့် ပြဿနာတက်ထားတာလေ။ အကယ်၍ ယွဲ့ရန်က ဆရာဆူတာခံလိုက်ရရင် လူတိုင်းလက်ညှိုးထိုးပြမဲ့လူက သူဖြစ်သွားလိမ့်မည်ပေ။

သို့အတွက် ယင်းကို သူကိုယ်တိုင် မတိုင်ကြားနိုင်သလို သူ့ပေါ်သို့ကိုင်းညွတ်လာမည့်သံသယအားလုံးနှင့် တူတူရပ်တည်၍မရပေ။

တကယ်လို့ အခြားတစ်ယောက်ယောက်က ရှေ့ထွက်လာမယ်ဆိုရင် သူ့တွင် သူမှားယွင်းစွပ်စွဲခံရတာကို တရားနည်းလမ်းတကျဖြေရှင်းနိုင်မည့် နည်းလမ်းများစွာရှိပြီး သူ၏လက်ရှိပုံရိပ်ကို ဆေးကြောနိုင်ပေလိမ့်မည်။ ဒီတော့ သူဘာလို့ တိုင်ကြားရမှာလဲ? အဲ့ဒါကို သူ့အခန်းဖော်တွေဆီ ဘာလို့ သာမန်ကာလျှံကာ အစပျိုးပြောလိုက်တာလဲဆိုတော့ သူတို့ကြားမှာ ယွဲ့ရန်ရဲ့မျက်နှာကို မနှစ်သက်သူ တစ်ယောက်ယောက်ရှိနေနိုင်ပြီး အဲ့လူက ပါမောက္ခကို ခိုးပြီးသွားတိုင်မှာအား တွေးမိသွားလို့ပင်။

သူတို့ ထိုအခိုက်အတန့်တွင် ပြန်မဖြေကြတာကိုမြင်တော့ သူ့အိပ်ရာဆီသို့ ရိုးရိုးသားသား စိမ်ပြေနပြေပြန်သွားလိုက်သည်။

ဒါက ယွဲ့ရန်အတွက် ပြဿနာတွေအများကြီးဖြစ်စေလိမ့်မယ်လို့ သူမထင်တာကြောင့်ပင်။

ဤအရာက အိတ်လေးတစ်လုံးသာပင်၊ ကိစ္စတွေ မြင့်တက်သွားချိန် ယွဲ့ရန်က အလေးအနက်တောင်းပန်ပြီး တန့်လင်ကို လေးစားအားကျတာမို့ သူကိုယ်တိုင်တူညီသည့်တစ်လုံးလုပ်ခဲ့ပါတယ်ဆိုသည့် ရိုးရိုးရှင်းရှင်းအကြောင်းပြချက်တစ်ခု ပေးလိုက်ရုံသာလိုပေသည်။ နာမည်ကြီးဒီဇိုင်းနာတစ်ယောက်ဖြစ်သူ တန့်လင်က ကျောင်းသားတစ်ယောက်နှင့် ကြီးကြီးမားမားကိစ္စမျိုး သေချာပေါက်ဖြစ်စေမှာမဟုတ်ပေ။ ဝန်ခံမှုကို ဆရာကကြားပြီးနောက်မှာ ကြမ်းတမ်းဆူပူသည့်စကားလုံးအနည်းငယ်နဲ့ ယွဲ့ရန်၏စရိုက်သဘာဝအပေါ် အစွန်းတစ်ခုထင်သွားရုံသာရှိပေမည်။ ယွဲ့ရန်က အိတ်ကို သူ့ဘာသာလုပ်ထားတာလို့ ခိုင်ခိုင်မာမာမငြင်းဆိုပါက ဂယက်ရိုက်မှုအသေးစားလေးတစ်ခုတောင် မဖြစ်လာနိုင်ပေ။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Dove le storie prendono vita. Scoprilo ora