Chapter 30

6.5K 1K 31
                                        

ZAWGYI

Ch 30 - မကြာခင်တွေ့ကြမယ် ကိုယ့်ဆင့်ခေါ်သူလေး
_____________

ညစာစားချိန်အား ငါးနာရီခွဲတွင် သတ်မှတ်ထား၏။

ယွဲ့ရန်က သူ့ဂိုဏ်းထဲမှချစ်စရာလေးတွေဖြင့် အကျဉ်းတိုက်ဖြစ်စဉ်လုပ်လိုက်ပြီးနောက် တစ်ဦးတည်းဥဖွင့်ကာ သူ့ကြက်အား အစာကျွေးလိုက်သည်။ သူ့နေ့လည်ခင်းက အလွန်လျင်မြန်စွာပင် ကုန်ဆုံးသွားလေ၏။

ဒီအတောအတွင်းမှာ သူ့အဖေက သစ်သီး၊ သရေစာနှင့် ရေခဲမုန့်တို့ ပို့ဆောင်ရန် သုံးကြိမ်တိတိရောက်ရှိလာသည်။

သူ့သား၏အခြေအနေအား သူတိတ်တခိုးစူးစမ်းလိုက်တော့ လူငယ်လေးက စိတ်အခြေအနေကောင်းနေမှန်း သိရှိလိုက်ရသည်။ ထို့ကြောင့် သူမော်နီတာအားတစ်ချက်ကြည့်ကာ သူ့စာကြည့်ခန်းထဲပြန်ထိုင်ပြီး ဆိတ်ငြိမ်စွာတွေးတောနေလိုက်သည်။

သူ့သားက ဒီဖြစ်ရပ်အား ကြုံဆုံပြီးချိန် ဆေးရုံဆင်းပြီးနောက် သူ့အွန်လိုင်းပါတနာနဲ့ စကားပြောနေလိမ့်မယ်လို့ သူတွေးခဲ့တာပင်။ သို့ပေမဲ့ ထိုအစား ကောင်းကင်ဘုံမုခ်ဦးကိုဖြိုခွင်းမယ်က ဘယ်နေရာမှာမှ အစရှာမတွေ့ပေ။

၎င်းသာမက သူ့သား၏ကာရိုက်တာအိုင်ဒီအသစ်အား သူမြင်လိုက်ရသည်။ လျင်လျင်မြန်မြန် သုတသနေပြုပြီးနောက် သူတို့တွေက ဂိုဏ်းတစ်ခုတည်းမှာမဟုတ်တော့မှန်း သူရှာတွေ့သွား၏။

ဒီတော့ နှစ်ယောက်သား လမ်းခွဲခဲ့တာလား?

နို့မဟုတ်ရင် ဘာလို့ရန်ရန်က သူ့ပါတနာကိုချန်ထားခဲ့ပြီးတော့ နာမည်ပြောင်းလိုက်ရတာလဲ?

နေပါဦး..လျို့ဝှက်အစီအစဉ်အချို့ကြောင့်တော့ မဟုတ်ပါဘူးနော် ရန်ရန်က သူလျှိုတစ်ယောက်အနေနဲ့ လုပ်နေတာလား?

မကြာသေးခင်က world chatပေါ်မှာကွာစေ့အများကြီးစားခဲ့ရတဲ့ယွဲ့ရှီကျုံးက ဂိမ်း၏အတင်းအဖျင်းနှင့်ဒရမ်မာတွေက အရမ်းပင်နက်နဲလွန်းလှတယ်လို့ တွေးထင်မိလေသည်။

ထိုအချိန်မှာ ဟွန်းမက်ဆေ့ခ်ျအသစ်တစ်စောင်က ဖျတ်ခနဲပေါ်လာပြီး အတော်လေးရင်းနှီးတဲ့ကာရိုက်တာအိုင်ဒီမှ အကြောင်းအရာအသစ်တစ်ခု ပေါ်ပေါက်လာ၏။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Donde viven las historias. Descúbrelo ahora