Chapter 64 ☘︎ Unicode // Final

8.1K 760 33
                                        

Chapter 64 – ပထမဆုံးနှစ်ယောက်တွဲတံခွန်စိုက်ပြိုင်ပွဲကို စတင်လိုက်ကြရအောင်!
_______________

အမှောင်ဖုံးတဲ့လနဲ့ အခြားသူတွေ ဘာကိုဆိုလိုမှန်း ကျန်းရှောင်းလည်း ပထမဆုံးအကြည့်တစ်ချက်နဲ့တင် နားလည်ပေသည်၊ သူတို့ပထမဆုံးအကြိမ်တွေ့တုန်းက သူ့ဆင့်ခေါ်သူလေး၏ဒေါသထွက်အသွင်အပြင်ကို ပြန်တွေးမိရင်း ယွဲ့ရန်က ဒီရှားပါးဆင့်ခေါ်သားရဲကို သဘောမကျသေးမှန်း သူခန့်မှန်းမိသည်။ ယင်းရဲ့မွေးဖွားချိန်မှ အခုထိ နည်းလမ်းအားလုံးတွင် များစွာအထင်သေးစရာကောင်းနေလေသည်။

သူ့နှုတ်ခမ်းထောင့်ကနေ ပြုံးလိုက်ပြီး စကားဆိုလိုက်၏
“သူတို့ကို လျစ်လျူရှုထားလိုက်၊ ကိုယ်တို့ကိုမင်းရဲ့ငှက်သားရဲအသစ်ပြကြည့်ပါအုံး”

ကျန်းရှောင်း၏အကြံပေးမှုအတိုင်း ယွဲ့ရန်က World chatအား လျစ်လျူရှုထားကာ သူ့မြစိမ်းရောင်ငှက်အား ဆင့်ခေါ်လိုက်သည်။

ကျန်ရှောင်းနှင့် အခြားသူတွေက ၎င်းကိုလေ့လာကြည့်လိုက်ကြ၏။

ယင်း၏ခန္ဓာကိုယ်က နှင်းလိုဖြူစွတ်နေဆဲဖြစ်ကာ မြစိမ်းရောင်ဖျော့ဖျော့ ခြေသည်းထိပ်လက်သည်းထိပ်လေးများနှင့် ငှက်မွေးများ၊ အမြီးငှက်မွေးရှည်ရှည်များနှင့် အင်အားကြီး၊ချုပ်ချယ်လိုသောအရှိန်အဝါတို့ဖြင့် ယင်းက အံဝင်ခွင်ကျဖြစ်နေလျက် __ ထိပ်တန်းအဆင့်ကြက်က အရပ်ရှည်၊ ကြွယ်ဝပြီး ခံ့ညားလာသည်။

ဟင်းလင်းပြင်နှင့်ကျန်သူတွေက လွန်စွာအားကျမနာလိုဖြစ်ရင်း စခရင်ရှော့တွေ လျင်မြန်စွာရိုက်ယူလိုက်ကြသည်။

ကျန်းရှောင်းမေးလိုက်၏
“သူ့စကေးလ်တွေက ဘာလဲ”

ယွဲ့ရန်က အဖွဲ့စကားပြောခန်းတွင် စခရင်ရှော့တစ်ခုပို့လိုက်သည်။

ထိပ်တန်းကြက်နဲ့ မြစိမ်းရောင်ငှက်တို့ရဲ့စကေးလ်တွေကြား ကြီးကြီးမားမားတိုးတက်လာသော တိုက်ခိုက်မှုစွမ်းရည်နှင့် သူ့အတောင်တွေဖြင့် ဖန်တီးလိုက်သောလေပြင်းမှ ဖြစ်ပေါ်လာသည့် လိမ့်သွားစေခြင်းအကွာအဝေး နှစ်မီတာမှ ငါးမီတာအထိ တိုးမြင့်သွားခြင်းမှလွဲ၍ ကွာခြားချက်အများကြီးမရှိပေ၊ သို့ဖြစ်ရာ ကစားကွက်အတွက် အခန်းကဏ္ဍတွေ ပိုရှိလာတာမို့ လူအုပ်ကြီးကို ချက်ချင်းပင် ချီးမွမ်းအောင်ပွဲခံမှုအား ဖြစ်ပေါ်လာစေသည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Tempat cerita menjadi hidup. Temukan sekarang