Chapter 42

5.7K 894 76
                                        

ZAWGYI

Chapter 42 – သူကမင်းpheromoneတွေအကြောင်း သိပြီးသား

_________________

ရေဖြန့်ချိရေးစင်တာကို ကျောင်းသားသမဂ္ဂက ဖွဲ့စည်းထားတာဖြစ်ပြီး သူတို့ထဲမှအများစုက တစ်ကိုယ်တည်းခွေးလေးတွေပင်။

ကျောင်းသားသမဂ္ဂ၏ အေးစက်အထီးကျန်ဗလာကျင်းနေတဲ့အဖွဲ့ဝင်တွေဟာ သူတို့ဂျူနီယာလေးတွေရဲ့အားပေးနှစ်သိမ့်မှုအား အထူးသဖြင့်လိုအပ်ပေသည်။ အချို့သော ကြင်နာတတ်တဲ့နှလုံးသားရှိသူတွေဟာ သူတို့အဖွဲ့ဝင်တွေနဲ့ မျှဝေပေလိမ့်မည်။ မကြာခင်မှာ အမျိုးမျိုးသောWeChatဂရုငယ်လေးများတွင် ဓာတ်ပုံအများအပြားပေါ်လာသည်။

သူတို့ထဲမှ တစ်ခုကတော့ အထူးတလည်ကို မျက်စိဖမ်းစားနေလျက်။

ဓာတ်ပုံထဲမှာ ပခုံးထက် ရေသန့်ဘူးကြီးသယ်ထားရင်း လမ်းလျှောက်နေသောလူငယ်လေးက အလွန်အမင်းကို တည်ငြိမ်သည့်အမူအရာနှင့်ပင်။

ဓာတ်ပုံကို မြင်လိုက်ရသူတိုင်း ရုတ်ခြည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တော့သည်။

[ ဟိုလီဖာ့ခ် သူကအိုမီဂါလား]

[အဲ့အသွင်အပြင်နဲ့ အဲ့ဒါကိုသံသယဝင်စရာကိုမလိုဘူး။ ဒီနေ့ခေတ် အိုမီဂါတွေက အဲ့လောက်တောင်သန်မာနေကြပြီလား]

[ဓာတ်ပုံနှစ်ပုံတည်း! ထပ်ရှိသေးလား]

[လက်ရှိရှိနေသောလူက ပြန်ဖြေလာသည် : မရှိတော့ဘူး။ ငါတကယ်တော့ သူ့ဓာတ်ပုံကိုရိုက်ဖို့ အဲ့နေရာကို အထူးတလည်ကိုပြေးသွားခဲ့တာ။ ကံမကောင်းစွာနဲ့ သူကငါ့ကိုချက်ချင်းသတိထားမိသွားတယ်လေ။ သူက အိုမီဂါတစ်ယောက်မှန်း ငါပြောနိုင်ပေမဲ့ ငါသူ့ဆီကနေ ဘာpheromoneနံ့မှမရဘူး]

လူတိုင်းသိထားသလိုပင် အိုမီဂါတွေက သူတို့ရဲ့ပထမဆုံးestrus periodကို ဝင်တဲ့အချိန်ကျမှသာလျှင် pheromoneတွေကို ပျောက်ကွယ်သွားစေသည့် ထိုသို့သောအထူးဖိနှိပ်ဆေးမျိုးကို ရနိုင်တာဖြစ်သည်။ ဆိုလိုတာက မကြာသေးခင်သုံးလအတွင်း သူ့ရဲ့ပထမဆုံးestrus periodကို သူကြုံတွေ့ခဲ့ရခြင်းပင်။

ပြီးတော့ __ အဓိကအချက်ကတော့ __ သူ့မှာ ပါတနာမရှိသေးတဲ့ပုံပင်၊ မဟုတ်ပါက သူထိုသို့သောအထူးဖိနှိပ်ဆေးမျိုး မလိုအပ်ပေ၊ သူ့ပါတနာကသာ အဲ့အချိန် အနားမှာမရှိတာမျိုးမဟုတ်ရင်ပေါ့။ ဒါပေမဲ့ သူ့ရဲ့မမှီခိုတတ်တဲ့အပြုအမူကနေ အကဲဖြတ်ရရင် ဒီလိုဟာမျိုးက ပါတနာမရှိနိုင်ခြေများတယ်လို့ သူတို့တွေးမိသည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Donde viven las historias. Descúbrelo ahora