ZAWGYI
Chapter 45 – ကိုယ်နဲ့တူတူ arenaလုပ်ပါ
________________________
ဂိုဏ်းထဲတွင် အမှောင်နေCPကို တက်တက်ကြွကြွအားပေးကြေငြာနေသော သူတို့CPဖန်များရှိပေသည်။
အတိတ်မှာတုန်းက ကျန်းရှောင်းက သူတို့အား အထူးတလည်ပင် အသစ်ရောက်လာသူ(ယွဲ့ရှီကျုံး)ကို မြေအောက်အကျဉ်းတိုက်ဖြစ်စဉ်လုပ်ရန်ခေါ်သွားခိုင်းပြီး သူ့အား ဦးနှောက်ဆေးကာ သူ့အာရုံကို မုန်တိုင်းလCPမှ ဝေးကွာသွားစေရန် ကြိုးစားခဲ့သည်။ ရလဒ်အနေနဲ့ ယွဲ့ပါပါးက မုန်တိုင်းလCPမှရွေ့သွားပြီး သူ့ခေါင်းအားလှည့်လို့ ကြယ်လCPဖန်ဖြစ်လာသည်။
သူထူးမခြားနားစွာပြန်ပြောလိုက်၏
“ကျွန်တော် မမေးဖူးဘူး”
ယွဲ့ရှီကျုံးက သဲလွန်စတစ်ခုခုရယူရန် ကြိုးစားပေမဲ့ တစ်ဖက်လူ၏လေသံမှ ဘာအမှားအယွင်းကိုမှ မကြားရရာ သူဆက်ပြောလိုက်သည်
“ဒါဆို မင်းarenaမှာ လနတ်ဘုရားနဲ့ ယှဉ်တွဲခံရဖူးလား သူနဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ”
ကျန်းရှောင်းက အမှောင်ဖုံးတဲ့လအား ရိုက်ပစ်ချင်စိတ်ကို သည်းခံ၍ သူနှင့်မသက်ဆိုင်သလို ဖြေလိုက်သည်
“သူ့မှာကောင်းမွန်တဲ့စရိုက်၊ ကောင်းမွန်တဲ့စိတ်နေသဘောထားရှိတယ်”
ယွဲ့ရှီကျုံးကမသဲမကွဲပြောလာသည်
“ငါလဲအဲ့လိုပဲထင်တယ်၊ ဒါဆို သူက ကြယ်နတ်ဘုရားနဲ့ကောင်းမွန်တဲ့တွဲဖက်ဖြစ်လောက်တယ်လို့ မင်းထင်လား”
“…” ကျန်းရှောင်းပြောလိုက်၏
“ကျွန်တော်က CPဖန်မဟုတ်တော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာထင်မြင်ချက်မှမရှိပါဘူး”
ယွဲ့ရှီကျုံးက “အိုး”ဟုရေရွတ်လိုက်ပြီး ကျန်းရှောင်းက သူတို့တွေဟာ ပြည့်စုံသည့်တွဲဖက်မှုဖြစ်လားမဖြစ်လားဆိုတာကိုလည်း ပြန်မချေပသလို အမှောင်ဖုံးတဲ့လနဲ့ပတ်သက်ပြီး မနှစ်သက်ကြောင်းဘာညာလည်းမပြဟု တွေးလိုက်မိသည်။ ယွဲ့ရန်နဲ့ဘယ်သူကထိုက်တန်လဲဆိုတဲ့အပေါ် သူတကယ်ပဲစိတ်မထားထားတာလား ဒါမှမဟုတ် ဒီအပျော်အပြက်စကားပြောတာကို အတည်မယူတာလား သို့တည်းမဟုတ် သူကကောင်းမွန်စွာပျိုးထောင်ခံခဲ့ရတာမို့ အခြားသူတွေနောက်ကွယ်မှာ သူတို့မကောင်းကြောင်းကို မပြောတာလား?
YOU ARE READING
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Teen FictionThis is just translation. All credits to Original author.
![ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]](https://img.wattpad.com/cover/290083351-64-k997694.jpg)