ZAWGYI
Chapter 66 - Extra 2
___________________
{All} ကြွေလွင့်တော့မဲ့ကြယ် : 1v1
{All} ခုနှစ်စက္ကန့်တာငါး : မဖြစ်နိုင်တာ၊ ငါတို့ အရင်တစ်ခေါက်က အဲ့လိုလုပ်ခဲ့ပြီးပြီလေ
ကောင်းပြီ တစ်ယောက်ချင်းပြိုင်ပွဲ မရဘူးပေါ့
ယွဲ့ရန် စကားပြောတာရပ်လိုက်ပြီး ကျန်းရှောင်းအား ခေါ်လိုက်ကာ သူ့အကူအညီကိုဆင့်ခေါ်၍ အရှေ့သို့တိုးသွားလိုက်ပြီး PKအား တတ်နိုင်သလောက်မြန်မြန်အဆုံးသတ်ရန် အဆင်သင့်ဖြစ်နေလေပြီ။
ကျန်းရှောင်းက နောက်ကနေ နီးကပ်စွာလိုက်သွားပြီး ခုနှစ်စက္ကန့်တာငါးဆီ အမြန်ပြေးသွားလိုက်၏။
ခုနှစ်စက္ကန့်တာငါးက အဝေးပစ်သမားဖြစ်တာမို့ ဓားသမားနှင့် နီးကပ်သည့်အကွာအဝေးအတွင်း မတိုက်ခိုက်ချင်ရာ အနောက်ကို အလျင်အမြန်ပြန်ဆုတ်ပြီး သူတို့ကြားအကွာအဝေးကို တိုးမြင့်လိုက်သည်။ အမှောင်ဖုံးတဲ့လက ကူညီပေးချင်ပေမဲ့ တစ်ဖက်ခြမ်းကနေ ရေခဲသားရဲရဲ့ ရုတ်ခြည်းခုန်အုပ်လာတာကို မြင်လိုက်ရသည်။ အတုလားအစစ်လား ဂရုမစိုက်တော့ဘဲ သူချက်ချင်းပင် "သန့်စင်မှု"အား သုံးလိုက်သည်။
ဤကဲ့သို့ အတားအဆီးနှင့်ရင်ဆိုင်လိုက်ရတော့ တစ်ဖက်က တိုက်ခိုက်နေသူနှစ်ယောက်က အနည်းငယ်နီးကပ်သွားသည်။
တစ်ချိန်တည်းမှာပင် ယွဲ့ရန်က သူ၏မြစိမ်းရောင်ငှက်အား ဆင့်ခေါ်လိုက်သည် __ သူ့ခြင်္သေ့လေးအား သန့်စင်ပြီးကတည်းက အခြေခံအားဖြင့် သူ၎င်းကိုသာ သူ့ပွဲစဉ်အားလုံးတွင် အသုံးပြုခဲ့သည်။ သူ့ပြိုင်ဘက်တွေက မည်သူမှန်း သိလိုက်ရချိန် နောက်ဆုံးမိနစ်လေးတွင်မှ ဒါကိုပြောင်းလိုက်ခြင်းပင်။ ဒါက ပုံမှန်မြေပုံဆိုပေမဲ့ မြစိမ်းရောင်ငှက်မှာ အနည်းဆုံးတော့ တိကျသည့်အချိန်ကိုက်မှု၊ထိန်းချုပ်မှုတို့နှင့်အတူ လိမ့်ထွက်သွားစေခြင်း စွမ်းရည်ရှိလေသည်၊ ၎င်းက သူတို့အတွက် အကျိုးကျေးဇူးသယ်ဆောင်လာနိုင်သည်။
သို့ဖြစ်ရာ အမှောင်ဖုံးတဲ့လက ခုနှစ်စက္ကန့်တာငါးကို ကုသပေးခါနီးတွင် အားအင်ပြည့်အရှိန်အဟုန်ဖြင့် ခေါင်းထိပ်သို့ ရိုက်ခံလိုက်ရပြီး ချက်ချင်းဆိုသလို အဝေးကို လွင့်ထွက်သွားရာ သူ့စွမ်းရည်ကို အလဟဿသုံးလိုက်သလိုဖြစ်သွားပြီး cooldownဖြစ်သွားစေသည်။ ယွဲ့ရန်က မြစိမ်းရောင်ငှက်၏ထိုးစစ်စွမ်းရည်တွေထဲမှ တစ်ခုကိုသုံးကာ လိုက်သွားလိုက်ပြီး အမှောင်ဖုံးတဲ့လ၏သွေးကို စတင်ဖဲ့ထုတ်တော့၏။
ESTÁS LEYENDO
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Novela JuvenilThis is just translation. All credits to Original author.
![ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]](https://img.wattpad.com/cover/290083351-64-k997694.jpg)