Chapter 16

6.5K 1K 34
                                        

ZAWGYI

Ch 16 – Bah! မင်းညီမကိုပဲချစ်ဖို့ကောင်းနေလိုက်!
___________

ချင်ရှို့ကျယ်မနက်စာစားပြီးနောက် သတင်းတွေလက်ခံရလိုက်သည်။

ကျန်းရှောင်းမှာ မိသားစုကြီးတစ်ခုရှိ၏။ သူ့အဘိုးအဘွားတွေနဲ့ အန်ကယ်တွေက အချင်းချင်းနီးနီးကပ်ကပ်နေထိုင်ကြတာပင်။ ချင်ရှို့ကျယ်သက်တောင့်သက်သာဖြစ်စေရန် သူက သူ့သူငယ်ချင်းကို သူ့မွေးရပ်အိမ်အားခေါ်မသွားခဲ့။ အဲ့အစား သူတို့က ကုန်သွယ်ရေးအရပ်ဒေသမှာ သူတို့မိသားစုပိုင်ဆိုင်တဲ့ တိုက်ခန်းအလွတ်တစ်လုံး၌နေထိုင်ခဲ့ကြသည်။

မိသားစုအဝေးမှာနေတာမို့ သူတို့အတွက်မနက်စာပြင်ပေးမဲ့သူမရှိသလို လာနှိုးမဲ့သူလည်းမရှိပေ။ ဒါ့ကြောင့် သူတို့နိုးတာနဲ့ အိပ်ရာပေါ်ကနေ ကုတ်ကပ်ဆင်းကာ သူတို့ရဲ့မနက်ခင်းလုပ်ငန်းစဉ်ကိုပြုလုပ်လိုက်ကြပြီး နှစ်ဦးသားက ဘယ်လိုချက်ပြုတ်ရမယ်မှန်းမသိတာမို့ အပြင်ထွက်ကာ အစားအသောက်ပြဿနာအားဖြေရှင်းရန် မှတ်ချက်ကောင်းတွေရှိသောနေရာတစ်ခုအား ရွေးချယ်လိုက်သည်။

ချင်ရှို့ကျယ်က အစားများသွားတာမို့ သူ့တစ်ကိုယ်လုံးမှလုပ်ဆောင်ချက်တွေက ရွှင်ပျနေတဲ့အစာအိမ်ဆီ ပြောင်းရွေ့သွားပြီး သူ့ဦးနှောက်ကလည်း အစားအသောက်ကိုမာဝင်သွားသလိုပင်။ ယွဲ့ရန်ရဲ့မက်ဆေ့ခ်ျတွေကို ဖတ်ပြီးနောက် သူအမှောင်ဖုံးတဲ့လရဲ့လှုပ်ရှားမှုရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။

[သူမေးရုံသာတတ်နိုင်၏ : သူတို့ဘာလုပ်ကြတာလဲ]

တစ်ဖက်ခြမ်းကနေ ပြန်စာမလာခင် အချိန်တစ်ခုလောက်တိတ်ဆိတ်သွားပြီး : [ကြည့်ရတာ သူတို့တွေက ကျွန်တော်နဲ့နီးကပ်ချင်ရုံပဲထင်တယ်]

ချင်ရှို့ကျယ်က ဖျတ်ခနဲအလင်းမပေါက်ခင် သူ့ဖုန်းအားဗလာဖြစ်စွာစိုက်ကြည့်နေခဲ့သည်။

သူခပ်မြန်မြန်ပဲ browser historyကို လှန်လှောလိုက်တော့ ငြိမ်သက်သွားပြီဖြစ်တဲ့ပို့စ်ကိုရှာတွေ့သွားကာ သူ့ဝမ်းကွဲလေးဆီလင့်ခ်ပို့ပေးလိုက်သည်။ [ သူ့သုံးသပ်ချက်ကတော့ : မင်းသတိရှိရှိနဲ့ ခပ်လျှိုလျှိုနေ။ သူတို့တွေက အမှောင်ဖုံးတဲ့လရဲ့ဖန်တွေဖြစ်နိုင်ပြီး အမှောင်ဖုံးတဲ့လက မင်းအပေါ်စိတ်ဝင်စားနေတယ်လို့ သူတို့ထင်တာမို့ မင်းကိုသူ့ဆီကနေ အဝေးခိုးထုတ်သွားဖို့စီစဉ်နေကြတာဖြစ်နိုင်တယ်]

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя