Chapter 47

5.3K 851 14
                                        

ZAWGYI

Chapter 47 - ကိုယ်တို့ဘာလို့မစမ်းကြည့်ရမှာလဲ

_____________________

မုန်တိုင်းကြယ်CP၏အကြောင်းအရာပေါ် ဆက်လက်ပြောကြမည့်အစား ထုတ်ရိုက်ထုတ်လွှင့်မှုစကားပြောခန်းဟာ ဘယ်သူကစင်ဂယ်လ်ဒေါ့(Single dog) မဟုတ်ဘူးလဲဆိုတာအား သုံးသပ်သည့်အပေါ် ခန့်မှန်းသည့်ဂိမ်းတွေ ထပ်မံကစားနေကြပြန်သည်။

စကားပြောခန်းထဲမှ ဖန်အများစုက မုန်တိုင်း၏အမာခံဖန်တွေဖြစ်တာမို့ သဘာဝကျစွာပင် သူတို့က ကြွေလွင့်တော့မဲ့ကြယ်အတွက် တွယ်ကပ်တတ်တဲ့ပါတနာရှိဖို့ ပိုပြီးလိုလားကြ၏။ ထို့အပြင် သူတို့မှတ်မိတာသာမှန်မည်ဆိုလျှင် ဂျူပီတာကြယ်တာရာရဲ့လုပ်ရပ်အတွင်း ကြွေလွင့်တော့မဲ့ကြယ်ဟာ လူအုပ်၏ပြောဆိုကြိမ်းမောင်းခြင်းခံခဲ့ရသည်။

သူ့ဂိုဏ်းခေါင်းဆောင်က အထူးတလည်ကို ကာကွယ်ပေးခဲ့ပြီး သူ့အတွက် အခြားသူတွေကိုလည်း အကြိမ်ဖန်များစွာ အနိုင်ယူခဲ့သည်။ သူတို့တွေ တွဲနေတာများ ဖြစ်နိုင်မလား?

ကျန်းရှောင်းက စကားပြောခန်းအား အေးစက်စွာစိုက်ကြည့်လိုက်ပြီး သူနှင့်ကြွေလွင့်တော့မဲ့ကြယ်နှစ်ယောက်လုံးက လူလွတ်တွေပါလို့ ရှင်းလင်းချင်ပေမဲ့ လက်ရှိအချိန်မှာ အမှောင်ဖုံးတဲ့ရော၊ နေမင်းနက်ပါ တိုက်ရိုက်ထုတ်လွှင့်နေသည်။ ဖန်တွေက သေချာပေါက် သူတို့ဆီ ထိပ်တိုက်သွားတွေ့ကာ အဲ့ဘာမှမကောင်းတဲ့အရာနှစ်ခုကို ဒီအရှုပ်အထွေးထဲသယ်လာပါလိမ့်မည်။ ဒီအကြောင်းအရာကို ရှင်းရှင်းလင်းလင်း ရှင်းပြလို့မရနိုင်ပေ __ သူ့ဆင့်ခေါ်သူလေးက သူ့သရုပ်မှန်ကို ထုတ်ဖော်ပြလိုက်တာမျိုး မဟုတ်ရင်ပေါ့။

သူ ယွဲ့ရန်အား လှမ်းမကြည့်ဘဲမနေနိုင်။

ယွဲ့ရန်က ပွဲစရန်အတွက် သူ့ကိုစောင့်နေတုန်းပင်။ တစ်ဖက်အမျိုးသားက အချိန်အတော်ကြာမလှုပ်ရှားတာကိုမြင်တော့ သူမေးခွန်းထုတ်သည့်အကြည့်တစ်ချက်ပေးလိုက်သည်။

ကျန်းရှောင်းက သူတို့၏မျက်လုံးချင်းဆိုင်မှုအား ချိုးဖျက်ကာ "အဆင်သင့်ဖြစ်ပြီ"အား နှိပ်လိုက်သည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя