Chapter 43

5.8K 914 67
                                        

ZAWGYI

Chapter 43 – မင်းကိုကြိုက်တယ်
____________________________

ကျန်းရှောင်း စက္ကန့်အနည်းငယ်လောက်စောင့်ဆိုင်းနေခဲ့သည်။ ဆင့်ခေါ်သူလေးက တိတ်ဆိတ်နေဆဲဖြစ်နေတာကိုမြင်တော့ သူမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်၏။

{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : arenaအတူတူလုပ်မလား?

{Private} ကြွေလွင့်တော့မဲ့ကြယ် : နိုး

{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : ဒါဆို မင်းကိုယ့်ကိုအထူးတလည်လာရှာတာလား

{Private} ကြွေလွင့်တော့မဲ့ကြယ် : နိုး!

ကျန်းရှောင်းပြုံးလိုက်ပြီး သူ့မေးခွန်းတွေအား ရပ်တန့်လိုက်ကာ လူငယ်လေးကို တိတ်တဆိတ်စောင့်ကြည့်နေလိုက်သည်။

ယွဲ့ရန်က မသိစိတ်အလျောက် ခလုတ်တစ်ခုတည်းပေါ် ထပ်ခါတလဲလဲနှိပ်ထားမိပြီး ၎င်းက သူ့ကာရိုက်တာ၏ကင်မရာကို လှည့်ပတ်သွားစေသည်။ မကြာမီတွင် သူဘယ်နှကြိမ်တောင်လှည့်ခဲ့မိမှန်း သူမသိတော့။

Receiver ကို ဖယ်ရှားပစ်မယ်၊ စီနီယာက ဘယ်လိုလုပ်ပြီး ဒီလိုမျိုးရက်စက်ကြမ်းကြုတ်လှတဲ့အတွေးကို စဉ်းစားမိနိုင်ရတာလဲ။ သူ့ဦးနှောက်က တစ်ခုခုလွဲနေတာများလား?

သို့သော်ငြား ပွင့်ပွင့်လင်းလင်းဆိုရရင် သူ့ဝမ်းကွဲက သူ့အားအမှန်တရားကိုပြောလာချိန် သူတကယ်ထိရှသွားခဲ့တာပင်။ သို့ပေမဲ့ သူအရမ်းကြီးတစ်ကိုယ်ကောင်းမဆန်နိုင်ဘူး။ တစ်ဖက်လူက သူနဲ့အတူရှိဖို့အတွက် တစ်စုံတစ်ရာကို ဖယ်ရှားပစ်ရလိမ့်မယ်၊ အတွေးနဲ့တင် သူ့နှလုံးအား နစ်မြုပ်သွားစေသည်။

သူနောက်ဆုံးတော့ ခလုတ်ပေါ်ကနေ သူ့လက်ချောင်းအားဖယ်ရှားလိုက်ပြီး သူ့နှလုံးသားကို မာကြောစေလိုက်ကာ ရှင်းရှင်းလင်းလင်းလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

{Private} ကြွေလွင့်တော့မဲ့ကြယ် : ကျွန်တော့်ဝမ်းကွဲက ကျွန်တော့်ကို အားလုံးပြောပြပြီးပြီ

ကျန်းရှောင်း၏နှလုံးသားက အနည်းငယ်တုန်ယင်သွားလျက်။

ယနေ့ ချင်ရှို့ကျယ်ရဲ့လှုပ်ရှားမှုအကျိုးအမြတ်က သူ့အား နောက်ကွယ်ကနေ တွန်းအားတစ်ခုပေးဖို့ဆိုပေမဲ့ အားနည်းချက်ကတော့ ယွဲ့ရန်အားစက္ကူမျက်နှာပြင်ကို အပေါက်ဖောက်ရန် အခွင့်အရေးပေးလိုက်ခြင်းပင်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now