Chapter 53

5.4K 873 63
                                        

ZAWGYI

Chapter 53 - ကျွန်တော် ထပ်မကစားချင်တော့ဘူး

____________________________

{Party} မင်လေးကိုချစ်တယ် : မြန်မြန် စခရင်ရှော့ယူ!

{Party} အမှောင်ဖုံးတဲ့လ : စခရင်ရော့ စခရင်ရှော့

{Party} ကြည်လင်နေမင်းဖြူ : စခရင်ရှော့ယူကိုယူရမယ်!

{Party} ငိုကြွေးနေသောတံတိုင်း : [rofl] [rofl] [rofl] မင်းဘာလို့ သူ့ကိုသောက်ခွင့်ပေးလိုက်ရတာလဲ

{Party} >ကောင်းကင်ဘုံမုခ်ဦးကိုဖြိုခွင်းမယ် : သူ ဒီည သူ့သူငယ်ချင်းတွေနဲ့ ညစာစားပြီး ကော့တေးတစ်ခွက်မှာခဲ့တယ်လေ။ သူ့အရက်ခံနိုင်ရည်က အဲ့လောက်နိမ့်မယ်လို့ ငါမှမသိတာ

သို့ပေမဲ့ ရိုးရှင်းစွာစာရိုက်ခြင်းက သူတို့၏စိတ်အခြေအနေတွေကို မဖော်ပြနိုင်ပေ။

သို့ဖြစ်ရာ သူတို့ လျင်မြန်စွာပင် Koiမဟာမိတ်၏YYဆာဗာထဲသို့ ဝင်ရောက်လိုက်ပြီး သီးသန့်အသံစကားပြောခန်းတစ်ခု ဖန်တီးလိုက်သည်။

အမှောင်ဖုံးတဲ့လက တောင်းဆိုလိုက်သည်။
"ကျေးဇူးပြုပြီး ရှင်းပြပါအုံး"

သူတို့ ဒီအဆင့်ထိ ရောက်လာမှတော့ ကျန်းရှောင်း ဘာကိုမှ ဖုံးကွယ်ထားလို့ မရတော့တာ သဘာဝကျပေသည်၊ ထို့ကြောင့် တိုးတက်မှုဖြစ်စဉ်တစ်ခုလုံး၏ ရှင်းလင်းသည့်ဗားရှင်းတစ်ခု သူပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ယွဲ့ရန်အား သူ့အဆောင်မှာ သွားကြည့်ပေးရန် သူငယ်ချင်းကို တောင်းဆိုသည့်WeChatမက်ဆေ့ခ်ျပို့ရင်း အလုပ်များနေရသည်။

နေမင်းနက်က အတင်းအဖျင်းသဘာဝနှင့် မွေးဖွားလာသူပင်။
"အခု မင်းတို့နှစ်ယောက်ကြား ဆက်ဆံရေးကဘာလဲ"

ကျန်းရှောင်း ပြန်ဖြေလိုက်၏
"ငါတို့နှစ်ယောက် သိပ်မကြာခင်ကမှ တွဲလိုက်ကြတာ"

နေမင်းနက်က သူ့လျှာကို အသံမြည်အောင်ပြုရင်း ပြောလာသည်
"ကြယ်လေးနဲ့မင်းက စုံတွဲအကောင့်တွေကို ဝယ်ခဲ့ပြီး တက္ကသိုလ်တစ်ခုတည်းမှာလဲ တက်ရောက်ခွင့်ရခဲ့တာကို ငါမယုံနိုင်သေးဘူး။ ဒါက ကံကြမ္မာပဲ"

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя