Chapter 50

5.5K 843 49
                                        

ZAWGYI

Chapter 50 – ငါဒေါက်တာလီရဲ့ခရီးစဉ်ကို ရခဲ့ပြီ

__________________________

အသံစကားပြောခန်းထဲကို အသုံးပြုသူတစ်ယောက်ဝင်ရောက်လာချိန် အသိပေးချက်အသံကြားရမှာဖြစ်သည်။

သို့ပေမဲ့ အဖွဲ့ဝင်တွေက ဂိမ်းကစားရင်းအလုပ်ရှုပ်နေတာမို့ အာရုံစိုက်ရန်အတွက် သတိပေးချက်တွေကိုmuteထားခဲ့ကြသည်။ ရိုးရှင်းသည့်အသံကို ကြားလိုက်ရတဲ့လူအနည်းငယ်က အသစ်ရောက်လာသူဟာ အဖွဲ့ဝင်ဖို့နောက်ကျနေသည့်ဂိုဏ်းသားတစ်ယောက် ဖြစ်မယ်လို့ ယူဆလိုက်တာကြောင့် သူတို့အလုပ်ရှုပ်ခံပြီး ဝင်းဒိုးအားပြောင်းကာ သွားစစ်ကြည့်မနေခဲ့ပေ။ အဆုံးမှာတော့ ဒါက သီးသန့်အခန်းတစ်ခုဖြစ်နေလေသည်။

ကျန်းရှောင်းက ဂိမ်းထဲမှာ မဟုတ်တာကြောင့် ထိုစက်တင်အားဖွင့်ထားပေမဲ့ ဖိတ်ခံထားရတဲ့ဧည့်သည်တစ်ယောက်အနေနဲ့ အခြားဘယ်သူက အစည်းအဝေးထဲ ဖိတ်ကြားခံရမှန်း သူမသိတာမို့ သူလည်းအလှုပ်ရှုပ်ခံပြီးစစ်ကြည့်မနေပေ။ ဒါက လူတိုင်းရဲ့ကံဆိုးမိုးမှောင်ကျခြင်းတို့ စတင်ရာပင်။

နောက်ဆုံးမှာတော့ ရုတ်တရက် ဟင်းလင်းပြင်ကသိရှိသွားခဲ့သည်၊ စောစောတုန်းက သူအသံစကားပြောခန်းကို စစ်ဆေးတဲ့အချိန် ဒီနေရာမှာ ရှိသင့်တဲ့လူတိုင်းက ရှိနေခဲ့ပြီးပြီလေ။ ယုတ္တိကျကျပြောရရင် အသစ်ထပ်ရောက်လာသူ မရှိသင့်တော့။ သူနာမည်စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရှောင်းပြောလာတာအား ကြားလိုက်ရသည်။

“သူ့ရှေ့မှာ ဒီအကြောင်းမဟကြနဲ့”

အချစ်ကလေးဘီဘီက တီးတိုးရေရွတ်လာသည်
“ ဂိုဏ်းတစ်ခုလုံးက ခေါင်းဆောင်မှာ ချစ်လှစွာသောအသည်းလေးရှိမှန်း သိကြတယ်။ ခေါင်းဆောင်က ကျန်းရှောင်းမှန်း အတိတ်သိသွားတဲ့အချိန် အဲ့ဒါက နောက်ဆုံးတော့ထွက်ပေါ်လာမှာပဲ”

ကျန်းရှောင်းပြန်ဖြေလိုက်၏
“အဲ့ဒါကို ဖြေရှင်းဖို့ ငါနည်းလမ်းတစ်ခုရှာပါ့မယ်။ လူတိုင်းက ဒါကိုမေ့သွားသလို ဟန်ဆောင်ပေးဖို့ပဲလိုတာ။ အဲ့တစ်ယောက်အကြောင်း ထပ်မပြောကြနဲ့တော့၊ ငါ့ပေါင်ပေ့လေးက အရမ်းမာနကြီးတာ။ သူဒေါသထွက်လာမှာကို သတိထားဖို့လိုတယ်”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ