Chapter 13

6.6K 1K 29
                                        

ZAWGYI

  Chapter 13 : လေထုထဲမှာ အချစ်ရနံ့တို့ထုံသင်းလျက်

[ထပ်မံပြင်ဆင်ချက် - local chatဆိုတာက သူတို့ရှိနေတဲ့နေရာဒေသရဲ့စကားပြောခန်းပါ။ ဂိမ်းထဲမှာကနေရာတွေအများကြီးရှိတယ်လေ အဲ့တော့လက်ရှိရှိနေတဲ့ဒေသအပိုင်းအခြားမှာ ရောက်ရှိနေသောသူတွေအားလုံးပြောလို့ရတဲ့စကားပြောခန်း]

ချောက်ကမ်းပါးအောက်မှာက မြို့တစ်မြို့ဆီဦးတည်နေသော လမ်းတစ်လမ်းဖြစ်ပြီး warp gateကလည်း သိပ်မဝေးပေ။

ဒီဂိမ်းထဲမှာ warp gateတွေအများစုက တည်နေရာကူးပြောင်းရန် ရွေးချယ်ခွင့်နေရာတစ်ခုထက်မက ပိုရှိသည်။ မြေပုံပေါ်မှာ ယွဲ့ရန်ရှာနေခဲ့တာကလည်း ဒီဟာပင်။ သူဂိတ်ကိုရောက်တာနဲ့ သူဘယ်ဦးတည်ရာကိုရွေးလဲ သူတို့မသိတာကြောင့် ထိုလူတွေလက်ထဲကနေ သူလွတ်မြောက်သွားလိမ့်မယ်။ သူတို့ကဆက်ပြီးလိုက်ချင်နေသေးတယ်ဆိုရင်တော့ သူတို့လူစုခွဲပြီး ဦးတည်ရာလမ်းကြောင်းအားလုံးကို စစ်ဆေးဖို့လိုအပ်လိမ့်မည်။

Warp gateမှာ သွားလာနေကြတဲ့လူတွေအများကြီးရှိ၏။ ချောက်ကမ်းပါးကနေ တစ်စုံတစ်ယောက် ဗြုန်းစားကြီးပြုတ်ကျလာတာက သူတို့အဖို့ ဘာမှမထူးဆန်းချေ။

ဒီအခြေအနေက ကစားသမားတွေဖြတ်လမ်းကလာချိန် မှားနှိပ်မိတာကြောင့်လည်းဖြစ်နိုင်သလို ချောက်ကမ်းပါးယံကနေ ခုန်ချချင်ရုံပဲလည်းဖြစ်နိုင်သည်။ ဂိမ်းရဲ့အရွယ်အစားအရ လူထူးဆန်းမျိုးစုံပါဝင်နေမှာ အံ့သြစရာမရှိပေ…ဒါပေမဲ့ သူတို့မမျှော်လင့်ထားတာကတော့ ပထမတစ်ယောက်ပြုတ်ကျလာပြီးနောက် လူအများအပြားပါတဲ့အုပ်စုကလည်း ကောင်းကင်ယံကနေ ကျဆင်းလာကာ မြေကြီးပေါ်ကိုပြုတ်ကျသွားပြီး လမ်းနံဘေး၌ အသေကောင်ဖြစ်လာသည်။

လူအုပ်ကြီး : “…”

ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိနေပုံပင်။

အထူးသဖြင့် နောက်ဆုံးကစားသမားနှစ်ယောက်ရဲ့ ခေါင်းပေါ်ရှိIDတွေက အရမ်းကိုအင်အားကြီးလွန်းတယ်။

ပတ်ပတ်လည်ရှိလူတွေက မထိန်းနိုင်ဘဲ ပွဲကြည့်ရန်ရပ်လိုက်ကြသည်။ ဂိမ်းကုမ္ပဏီက သူတို့မသိတဲ့မြေလွှာလျှောစီးခြင်းလုပ်ဆောင်ချက်အသစ်ကိုများ အကောင်အထည်ဖော်နေတာလားလို့ ကြည့်ရန်သူတို့ကင်မရာရှုထောင့်ကိုတောင် ချိန်ညှိလိုက်သေးသည်၊ မဟုတ်ရင် ကြီးမြတ်တဲ့နတ်ဘုရားနှစ်ယောက်က ဘယ်လိုလုပ်ကမ်းပါးယံကနေ ခုန်ချမှာလဲ

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Donde viven las historias. Descúbrelo ahora