Chapter 34

6.1K 962 128
                                        

ZAWGYI

Ch 34 – အဲ့ဒါက တကယ်ကိုBUGပဲ!
___________________________

လူတစ်ယောက်ဟာ ဒီလောက်ထိအရမ်းယုံမှားသံသယမလွန်ကဲသင့်ဘူးဟု ကြည်လင်နေမင်းဖြူ ယုံကြည်ခဲ့သည်။

သူ၏သူငယ်ချင်းတွေအား အကြောင်းပြနိုင်ဖို့ သူကြိုးပမ်းလိုက်၏။

“သူက ဒီတိုင်းအမာခံဖန်လေးပါပဲ။ သူက အံ့သြဖွယ်နေရာတွေ အများကြီးကိုသိပြီး အဲ့ဒါတွေကို သူ့အိုင်ဒေါလ်နဲ့ မျှဝေချင်ရုံပါပဲ။ အဲ့ဒါက ဘာများမှားနေလို့လဲ? ပြီးတော့ သူ့သူငယ်ချင်းက ဂိမ်းတွင်းစူးစမ်းရှာဖွေတာကို နှစ်သက်တဲ့သူဆိုရင်ရော ဘယ်လိုလုပ်မလဲ?”

အမှောင်ဖုံးတဲ့လမေးလိုက်၏
“သူမင်းကိုခေါ်သွားတဲ့နေရာတွေအပြင် မင်းတို့ကောင်တွေ အခြားဘာလုပ်ကြသေးလဲ?”

“ဘာမှသိပ်မလုပ်ပါဘူး” ကြည်လင်နေမင်းဖြူက သူကိုယ်တိုင်လည်း အတန်ငယ်မရှင်းမလင်းဖြစ်နေသော်ငြား လျင်မြန်စွာပြန်စဉ်းစားလိုက်သည်။
“ငါတို့ အများအားဖြင့် ဂိမ်းရဲ့အရေးကြီးနေရာတွေကိုသွားတယ်။ အဲ့ဒါအပြင် ငါတို့မကြာခဏ မြေအောက်အကျဉ်းတိုက်ဖြစ်စဉ်လုပ်လေ့ရှိတယ်။ အများအားဖြင့် သူက ငါအားတဲ့အချိန်တွေမှပဲ ငါ့ကိုဆက်သွယ်လေ့ရှိတယ်၊ သူက အတော်လေးဒုက္ခပေးတဲ့နောက်လိုက်မျိုးမဟုတ်ပါဘူး”

နေမင်းနက်က တခစ်ခစ်ရယ်မောလာသည်။
“ကြည့်ရတာ သူ့အပေါ်မှာ မင်းအထင်အမြင်ကောင်းရှိတဲ့ပုံပဲ။ ငါshipတယ်”

ကြည်လင်နေမင်းဖြူက မျက်နှာသေဖြင့်
“…တော်လိုက်တော့!”

သူတို့ဘေးမှ အမှောင်ဖုံးတဲ့လက ပြုံးလိုက်၏။
“ငါတို့ အတွေးလွန်နေတာလဲဖြစ်ကောင်းဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ သူမင်းကိုတကယ်ကြွေသွားတာလဲ ဖြစ်နိုင်တာပဲနော်။ နည်းနည်းပိုပြီးအာရုံစိုက်ကြည့်လိုက်အုံး ဟုတ်ပြီလား? ဒီလောက်အကြာကြီး တစ်ကိုယ်တည်းခွေးလေးဖြစ်နေမှတော့ အခြားသူတွေရဲ့ချဉ်းကပ်လာမှုကို မင်းဘာလို့မမြင်နိုင်တာလဲဆိုတာကို ငါသိနိုင်ပါတယ်ကွာ”

ကြည်လင်နေမင်းဖြူက ပြန်ပက်လိုက်သည်။
“မင်းကိုယ်တိုင်လဲ တစ်ကိုယ်တည်းခွေးပဲမဟုတ်ဘူးလား”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя