Chapter 11

7K 1K 77
                                        

ZAWGYI

Chapter 11 : မုန်းစရာကောင်းတဲ့ခင်ဗျားတို့လူကြီးတွေက အတူတူပဲ

ဂိုဏ်းတွေကြားရှိ ပြိုင်ဆိုင်မှုက ပြင်းထန်လှသည်။ အချက်အလက်တွေ ရယူဖို့ ဒါမှမဟုတ် ညစ်ပတ်တဲ့လှည့်ကွက်တွေ ဆောင်ရွက်ဖို့အတွက် ဂိုဏ်းအကြီးစားတွေက တစ်ခါသုံးအကောင့်တွေ ဒါမှမဟုတ် ဂိုဏ်းမဲ့ပြီးအလွယ်တကူအသင့်ရနိုင်တဲ့ အကောင့်တွေရှိကြသည်။ သုံးရတဲ့အဓိကရည်ရွယ်ချက်ကတော့ ဆောင်ရွက်သူရဲ့အချက်အလက်ကို မပေါက်ကြားစေဖို့ပင်။ တစ်ခါသုံးအကောင့်တွေ ရဖို့ကလွယ်ပေမယ့် ငယ်သားက တုံ့ဆိုင်းနေသည်။

“ခေါင်းဆောင် ကျွန်တော်ကအခုလေးတင် သူတို့ဂိုဏ်းအရာရှိနဲ့ စကားပြောလာတယ်၊ အဲ့တာပြီးနောက် သူတို့ခေါင်းဆောင်ရဲ့ဇနီးက အသတ်ခံလိုက်ရတယ်ဆိုရင် သူတို့ ကျွန်တော်တို့ကို သံသယဝင်သွားမှာပေါ့” သူတဝဲလည်လည်ပြောလိုက်သည်။ “ကျွန်တော်တို့ ဖော်ထုတ်ခံရမှာပေါ့”

“ အခြားအချိန်တွေမှာ ဟုတ်ရင်ဟုတ်မယ်။ ဒါပေမယ့် အခုချိန်က အကောင်းဆုံးအခွင့်အရေးပဲ” ခြေရာဖျောက်ရေက ရှင်းပြလိုက်သည်။ “လနတ်ဘုရားက သူ့ကိုကြင်နာစွာနဲ့ ဖိတ်ခေါ်ချက်တစ်ခုပို့ခဲ့ပေမယ့် သူက ကမ်းလှမ်းမှုကို ပယ်ချရုံတင်မကဘဲ ဟွန်းမက်ဆေ့ခ်ျနဲ့ လူရမ်းကားလို့လည်းခေါ်လိုက်သေးတယ်။ ဘယ်အမာခံဖန်မှ သူတို့အိုင်ဒေါလ်ရဲ့နာမည်ကို အသရေဖျက်တာလက်ခံမှာမဟုတ်ဘူး”

အဖွဲ့သားက အရာအားလုံးကိုနားလည်ရန်ကြိုးစားရင်း ဖြည်းညင်းစွာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။
“ခေါင်းဆောင် ဆိုလိုတာက…”

ခြေရာဖျောက်ရေကပြော၏ “ အမှန်ပဲ တစ်ခါသုံးအကောင့်အချို့ရှာပြီးတော့ လနတ်ဘုရားရဲ့အမာခံဖန်အဖြစ်ဟန်ဆောင်မယ်။ ပြီးတော့ အဲ့အသရေဖျက်တဲ့ကောင်ကို လူမြင်ကွင်းမှာပဲ သတ်ပစ်မယ်”

တစ်ခဏကြာပြီးနောက် သူထပ်ပြောလာသည်
“ ဒါပေမယ့် အရမ်းတမင်ဆန်သလိုမျိုးလုပ်လို့မရဘူး။ အရင်ဆုံး သူ့တည်နေရာကိုစစ်ဆေးကြည့်မယ်၊ ပြီးတော့ အဲ့အနီးအနားမှာ ငါ့အလီဘိုင်အတွက် အကျဉ်းတိုက်ဝင်ပေါက်တစ်ခုခုရှိရင် အစီအစဉ်ကိုစမယ်။ ဒါဆို ငါအဲ့မှာရှိနေရတဲ့အကြောင်းအရင်းရှိသွားပြီ။ မင်းတို့အဖွဲ့က သူ့ကိုနည်းနည်းလောက်ကြမ်းပြီးတာနဲ့ ငါ့အဖွဲ့က သူ့ကိုကယ်လိုက်မယ်။ ငါတို့က သူတို့ဂိုဏ်းနဲ့ပူးပေါင်းချင်တယ်လို့ဟန်ဆောင်မှုအောက်မှာ ငါ့ရဲ့စေတနာကောင်းတွေကို ချပြမယ်။ခုနက ကမ်းလမ်းမှုက ငြင်းပယ်ခံလိုက်ရပေမယ့်လည်း သူတို့အဖွဲ့ဝင်တစ်ယောက်အသတ်ခံရတာကို ငါကြည့်မနေနိုင်ဘူးပေါ့ကွာ၊ ဘယ်လိုနေလဲ?”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя