ZAWGYI
Ch 20 - ကြည့် ဒါကငါချဉ်းကပ်တဲ့ပုံစံပဲ
____________ခြေရာဖျောက်ရေက အများအားဖြင့် မကြာခဏဆိုသလိုအွန်လိုင်းတက်တတ်သည်။ ဖြစ်ချင်တော့ ဒီနေ့မှာ သူညနေခင်းပိုင်းတွင်အပြင်သွားစရာရှိနေတာမို့ သစ်သီးရနံ့နဲ့အခြားသူတွေက ဒီအခွင့်အရေးကိုမလွဲချော်ချင်တာကြောင့် စပိုင်ကိုနောက်တစ်ကြိမ်ကြိုးစားကြည့်ရန် တိုက်တွန်းကြတော့သည်။
သူတို့အများကြီးမမျှော်လင့်ထားပေမဲ့ အနာဂတ်ကောင်းကင်ဘုံမုခ်ဦးက တကယ်ပဲသူငယ်ချင်းဖြစ်ခွင့်တောင်းခံမှုကို လက်ခံလိုက်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ ဖီးနစ်အက္ခရာဂိုဏ်းရဲ့ဂိုဏ်းအရာရှိက အလွန်စိတ်လှုပ်ရှားသွားတာကြောင့် သူ့ထိုင်ခုံကနေတောင် ပြုတ်ကျလုနီးနီးပဲ။ သူအားအင်တက်ကြွစွာဖြင့် လက်အောက်ငယ်သားစပိုင်ကို တစ်ဖက်လူအတွက် ပြန်ဖြေကာငြင်းဆန်ဖို့အခွင့်အရေးမပေးဘဲ တတ်နိုင်သမျှ ယောင်ဝါးဝါးလုပ်ရန်ညွှန်ကြားလိုက်၏။
လက်အောက်ငယ်သားက အမိန့်ကိုနားလည်သွားကာ အနာဂတ်ကောင်းကင်ဘုံမုခ်ဦးမေးခွန်းတွေမမေးနိုင်သေးခင်မှာဘဲ သူလက်ဦးမှုယူကာ တာဝန်အားရှင်းပြလိုက်သည်။
{Private} သစ္စာရှိရှိ ပေးအပ်မြှုပ်နှံထားသည် : ဂိုဏ်းခေါင်းဆောင်က အစီအစဉ်ကို ဒီညရှစ်နာရီမှာအကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားလို့ပြောလိုက်တယ်
ရှစ်နာရီလား?
ယွဲ့ရန်မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ ၎င်းကသူနဲ့ကျန်းရှောင်းအများအားဖြင့် အကျဉ်းတိုက်ဖြစ်စဉ်လုပ်လေ့လုပ်ထရှိတဲ့အချိန်ပင်။ ဂိုဏ်းသားအများစုကလည်း ထိုအချိန်တွင်အွန်လိုင်းဖြစ်ကြသည်။ ခြင်္သေ့နက်ဂိုဏ်းက ဂိုဏ်းအဖွဲ့ဝင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့စီစဉ်ထားတာများလား? သူတို့မှာ အဖြူရောင်Koiဂိုဏ်းနဲ့ ဘယ်လောက်တောင်နက်ရှိုင်းတဲ့အမုန်းတရားတွေရှိနေလို့လဲ?
{Private} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး<: ‘Kay သူအခြားဘာပြောသေးလဲ?
{Private} သစ္စာရှိရှိ ပေးအပ်မြှုပ်နှံထားသည် : သူပြောတာကတော့ ကိစ္စတွေပြောင်းလဲမှုရှိရင် သူကိုယ်တိုင်မင်းကိုလာပြောမယ်တဲ့။ အချိန်ရောက်လာတဲ့အခါ ပူးပေါင်းဖို့သတိရပါတဲ့
YOU ARE READING
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Teen FictionThis is just translation. All credits to Original author.