Chapter 55

5.1K 827 43
                                        

ZAWGYI

Chapter 55 – အဲ့အရိုင်းအစိုင်းကောင်နဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်

________________________

“မဟုတ်သေးပါဘူး၊ မင်းဘယ်သွားမလို့လဲ”

လင်ချင်းက အလျင်အမြန်ထွက်ကာ ယွဲ့ရန်အား ကော်ရစ်တာတွင် တားဆီးလိုက်သည်။ တစ်ဖက်လူ၏အခြေအနေကိုကြည့်လိုက်တော့ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ဖို့ရန် ပြင်ဆင်ထားမှန်း သိသာနေသည်။

ယွဲ့ရန်ပြန်ဖြေလိုက်၏
“အတန်းဖော်တစ်ယောက်နှင့် သွားတွေ့မို့”

လင်ချင်းမေးလိုက်သည်
“အတန်းဖော်ကို သွားတွေ့ဖို့က ငရုတ်ကောင်းစပရေးတွေ သယ်သွားဖို့ လိုတယ်ပေါ့?”

ယွဲ့ရန် ပြန်ပြောလိုက်သည်
“သူ့အတွက် စပရိုက်လေးပါ”

လင်ချင်း၏စိုးရိမ်ပူပန်မှုတွေကို နားလည်သည်မို့ သူရပ်တန့်လိုက်ပြီး ထပ်ပေါင်းပြောလိုက်သည်
“မစိုးရိမ်ပါနဲ့၊ ဘာမှအရေးတကြီးမဟုတ်ပါဘူးကွာ”

ဤသည်က အမှန်တရားပင်။

ချူယွမ်က ကျောင်းလူဆိုးတစ်ယောက်အနေနှင့် သူ့စည်းမျဉ်းတွေ ရှိနေသေး၏။ သူကျောင်းတက်တဲ့သုံးနှစ်လုံးမှာ ချူယွမ်က အိုမီဂါတစ်ယောက်အပေါ် တစ်ခါမှလက်မရွယ်ဖူးဘဲ ယေဘုယျအားဖြင့် အယ်လ်ဖာတွေနဲ့ဘီတာတွေကိုသာလျှင် အနိုင်ကျင့်ခဲ့တာပင်။

သူတို့နှစ်ယောက်က မကြာခဏဆိုသလို ထိပ်တိုက်တွေ့ခဲ့သော်ငြား ချူယွမ်က သူ့ဘဝကို ပိုပြီးခက်ခဲအောင်သာလျှင် ပြုလုပ်ခဲ့ပြီး ပြင်းထန်ရက်စက်တဲ့အမူအရာတို့ တစ်ခါမှမပါဖူးခဲ့။ သူနှင့်အတူ ငရုတ်ကောင်းစပရေးကို ယူဆောင်သွားရတာက အကယ်၍များ ချူယွမ်က ဘာမှလုပ်စရာမရှိဘူးလို့ တွေးမိပြီး တက္ကသိုလ်ရောက်နေတာတောင်မှ သူ့ကိုဆက်ပြီးပြဿနာရှာဖို့ရန် ဆုံးဖြတ်ထားတာဆိုရင် သူတစ်ဖက်လူကိုသွားတွေ့ကာ အဲ့အရိုင်းအစိုင်းကို သင်ခန်းစာကောင်းတစ်ခုသင်ကြားပေးဖို့ဖြစ်သည်။

လင်ချင်း အကြံပေးလိုက်၏
“မင်းဘာလို့ မင်းယောက်ျားကို မခေါ်တာလဲ”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now